Yangon War Cemetery
Places and landmarks, Video May 25, 2018
ဒီတစ်ပတ်တော့ရန်ကုန်သူမီရှဲဟံသာဝတီအဝိုင်းနားကဓနသဟာရစစ်သင်္ချိုင်းကိုလေ့လာဖြစ်တယ်။ရန်ကုန်စစ်သင်္ချိုင်း (Yangon War Cemetery) လို့လည်းခေါ်တယ်။ဒုတိယကမ္ဘာစစ်ပြီးတော့မဟာမိတ်နိုင်ငံတွေကစစ်အတွင်းကျဆုံးသွားတဲ့သူတို့ရဲ့စစ်သည်တော်တွေအတွက်မဟာမိတ်စစ်သင်္ချိုင်းတွေကိုကျဆုံးသွားတဲ့နိုင်ငံတိုင်းမှာတည်ဆောက်ခဲ့တယ်။မြန်မာနိုင်ငံမှာစစ်သင်္ချိုင်းသုံးခုရှိတဲ့အထဲကဒီရန်ကုန်စစ်သင်္ချိုင်းကအစောဆုံးပဲ။ကျန်နှစ်ခုကလူတွေတော်တော်များများသိတဲ့ထောက်ကြံ့စစ်သင်္ချိုင်းနဲ့မွန်ပြည်နယ်သံဖြူဇရပ်မှာရှိတဲ့သေမင်းတမံရထားလမ်းစစ်သင်္ချိုင်းပါ။
ဒီသင်္ချိုင်းသုံးခုစလုံးက ဘယ်အစိုးရအဖွဲ့အစည်းလက်အောက်မှာမှ မရှိဘဲ ဓနသဟာရစစ်သင်္ချိုင်းကော်မရှင် (Commonwealth War Graves Commission CWGS) က တိုက်ရိုက်အုပ်ချုပ်တယ်။ လိုအပ်တဲ့အသုံးစရိတ်တွေကျတော့ ဒီဓနသဟာရနိုင်ငံတွေက သူတို့နိုင်ငံသား အုတ်ဂူအရေအတွက်အတိုင်း အချိုးကျပေးတယ်။ ဝန်ထမ်းနဲ့ စရိတ်တွေကိုတော့ ဓနသဟာရရံပုံငွေကနေ ပေးတယ်။
ဒီနေရာကို သူများပြောလို့မှ သွားကြည့်ကြည့်တာ … ရှိမှန်းတောင်မသိဘူး။အမြဲတမ်းထိန်းသိမ်းနေတော့သန့်သန့်ရှင်းရှင်းသာသာယာယာပဲ။အုတ်ဂူပေါ်ကစာတွေလိုက်ဖတ်ကြည့်ရတာစိတ်ဝင်စားစရာပဲ။ကရင်တိုင်းရင်းသားနာမည်တွေလည်းတွေ့တယ်။ကျဆုံးသွားတဲ့လူ၁၃၈၁ယောက်ဆိုတာမနည်းမနောပဲ။ဒါတောင်လူမသိသူမသိကွယ်လွန်သွားတဲ့စစ်သည်တွေဘယ်လောက်တောင်ထပ်ရှိနေမလဲမသိဘူး။
တစ်ခုရှိတာကရန်ကုန်စစ်သင်္ချိုင်းဆိုတာသာယာတဲ့နေရာဖြစ်ပေမဲ့မလေးစားတဲ့အပြုအမှုတွေလုပ်သင့်တဲ့နေရာတော့မဟုတ်ဘူး။မြင်ခဲ့ရတာတော့အရိပ်ခိုတဲ့အဆောင်ထဲမှာအတွဲချိန်းတွေ့နေကြတယ်။လာလည်ပြီးအမှိုက်တွေလွှင့်ပစ်ခဲ့တယ်။အုပ်စုလိုက်လာပြီးအော်ဟစ်သောင်းကျန်းနေတယ်။အရက်လာသောက်တဲ့လူတွေရှိတယ်။ကိုယ့်ဘိုးဘွားတွေမြုပ်ထားတဲ့နေရာကိုယ်အလေးထားတဲ့နေရာကိုဒါမျိုးတွေလာလုပ်ရင်မကြိုက်ဘူးမလား။ဒါဆိုသူများနေရာကိုလည်းမလုပ်သင့်ဘူး။
သွားလေ့လာပါ … ဒါပေမဲ့ မလေးမစား မလုပ်ဖို့ မေတာရပ်ခံချင်ပါတယ်။ သွားပြီးရင်လည်း အကျိုးအကြောင်းလေး ပြန်ပြောပြဦးနော် ….
The cemetery is situated between Myienegone and Manthawaddy roundabout (close to the circle) and at the back of Burma Translation Society (Sarbaybeikmann). The entrance to the cemetery is in a lane facing east along Pyay road (formerly Prome Road) some 8 kilometres from the port, 12 kilometres from the airport and 5 kilometres from the main railway station. Monasteries surround the cemetery on three sides.
Visiting Information
The cemetery is open everyday between 07:00-17:00. Wheelchair access to this cemetery is possible via the main entrance. For further information regarding wheelchair access, please contact our Enquiries Section on 01628 507200.
History brief
Yangon War Cemetery was first used as a burial ground immediately following the recapture of Rangoon in May 1945. Later, the Army Graves Service moved in graves from several burial sites in and around Rangoon, including those of the men who died in Rangoon Jail as prisoners of war. There are 1381 buried servicemen in the cemetery and 85 and unidentified.
ချစ်တဲ့
Yangon Thu Michelle