Horse Riding in Yangon
Activities, Video May 18, 2018
ဒီအပတ်တော့ ရန်ကုန်သူမီရှဲတစ်ယောက် ဘာလုပ်ရင်ကောင်းမလဲ တွေးရင်း ရန်ကုန်မှာမြင်းစီးလို့ရတာ (Horse Riding in Yangon) သတိရသွားတယ်။ သူများနိုင်ငံမှာလို မြို့ပြင်ထွက် တောသွားမှ စီးရတာ မဟုတ်ဘဲ မြို့တွင်းမှာတင် စီးလို့ရတယ်။ (သူများနိုင်ငံမှာ ဘယ်လိုရှိလဲ သိတာကျနေတာပဲ)
မြင်းစီးအားကစားနည်း (horse riding) က လူကြိုက်သိပ်မများဘူး။ ကရိကထများတယ်၊ မြင်းပိုင်မှစီးလို့ရတယ် ထင်ကြလို့။ အမှန်က အဲ့ဒီလောက် မခက်ဘူး။ ပထမဆုံး ဖုန်းဆက်ပြီးဘိုကင်တင်ရုံပဲ။ မြင်းကို ကြိုထုတ်ထား ကုန်းနှီးတင် ပြင်ဆင်ရတာတွေရှိလို့။ လူရောက်အောင်သွား စီးရုံပဲ။ အကျီတွေ ဘောင်းဘီတွေ ပရော်ဖက်ရှင်နယ်စီးမှာ မဟုတ်ရင် မလိုဘူး။ ရောက်ရင် မြင်းပေါ်တက်စီးရုံပဲ။ မစီးတက်ရင် ဆရာတွေ သေချာသင်ပေးပြီး လိုက်ကြည့်ပေးတယ်။ ကလေးတွေလည်း စီးသင့်တယ်။
စျေးက အပြင်လူ တစ်နာရီနှစ်သောင်း။ အသင်းဝင် တစ်နာရီတစ်သောင်း။ အသင်းဝင်ရင် တစ်သက်စာ နှစ်သိန်း။ ကြိုက်သလောက်စီး ဘယ်အချိန်စီးစီး တစ်သောင်းဖြစ်သွားရော …။ နောက်တစ်ခုက မြင်းဝယ်စီးရင် တပြားမှ ပေးစရာမလိုတော့ဘူး …. ဒါပေမဲ့ ထားစရာနေရာနဲ့ အစာဖိုး ပေးရုံပဲ။ မြင်းတွေကလည်း အစားကြီးလိုက်တာ တစ်နေ့ ငါးခါတောင်စားတယ်။ မြက်၊ ကောက်ရိုး နဲ့ ပဲ ရောကျွေးတာဆိုတော့ တင်းကုပ်အပြင်ဘက်မှာ ပဲအိတ်တွေ ပွဲရုံလားထင်ရတယ်။ ဒီထက်ပိုချင်ရင် ပြိုင်မြင်းဝယ်စီး … တစ်ကောင်မှ သိန်းလေးရာကျော်လောက်ပဲ ကျတယ် ဆိုလားပဲ … ဆရာပြောတာနော်
စျေးကြီးတယ်ထင်ရပေမဲ့အကျိုးကျေးဇူးကတခြားအားကစားနဲ့မတူတဲ့ခံစားချက်မျိုးရှိတယ်။ခါးမတ်၊မြင်းကိုပေါင်နဲ့ညှပ်ပြီးခန္ဓာကိုယ်ကလည်းအလိုက်သင့်ရွှေ့လျားပေးရတော့ဗိုက်၊ခါး၊ပေါင်အဆီအဓိကကျစေတယ်။ဆရာတွေဆိုဗိုက်ချပ်ချပ်ပေါင်ကျစ်ကျစ်တွေ။
ကားမောင်းရင်စိတ်ထဲကသွားချင်တဲ့ဘက်ကိုဂွေနဲ့လှည့်ကွေ့ရသလိုပဲမြင်းကိုကြိုးနဲ့အလိုက်သင့်ထိန်းရုံပဲ။ပုံစံမှန်နည်းလမ်းကျသွားရင်ကွင်းထဲပတ်စီးနေလို့ရပြီ။
စီးတတ်သွားရင် ပုံပြင်ထဲက ဒိသာပါမောက္ခသင်တဲ့ အဌာရသ (၁၈)ရပ်ထဲက တစ်ခုတတ်ပြီသာမှတ် ….. ။
ထပ်ပြီးသိချင်တာရှိရင် YECC “Yangon Equestrian Country Club” မှာ မေးလို့ရပါတယ်။ စီးပြီးရင်လည်း အခြေအနေ ပြန်ပြောပြဦးနော် …။မီရှဲကတော့စီးပြီးနောက်နေ့ပေါင်ကွနေတာအမှတ်တရပဲ။
Horse riding in Yangon is not easy, especially to keep a horse. But you can do this both at Yangon Equestrian Country Club. All you need is money LOL. Just kidding.
About YECC
Yangon Equestrian Country Club (YECC), which had significant role in the history of Myanmar Equestrian Sport. In building of Myanmar kingdom, they used the elephants and horses in the Military operation. Ancient Myanmar citizens were proud of themselves that they were the people who are good at sword fighting and horse riding.
Around the world, there are so many people who love horse riding so much and go after it even it is an expensive hobby. But, the Equestrian sport is less popular than other sports in the Yangon. However, you can see most of the riders in the equestrian field are under 12 years, children, so, the next generation can be said that they are prospects.
For beginners, it cost 20000ks for an hour. But when you become a member, 10000ks for an hour. Lifetime membership fee is 200,000ks (around 180$). It is open 6am till evening. You can google its location. For more info: +9599 261 691 062
ချစ်တဲ့
ရန်ကုန်သူမီရှဲ …..
Produced by IDEA LIVE