Yangon Before and After
Articles Sep 23, 2021

အရင်က ရန်ကုန်မြင်ကွင်းနဲ့ ၂၀၂၀ က ရန်ကုန်မြင်ကွင်း Yangon Before and After ဘယ်လောက်တောင်များ ကွာခြားသွားလဲ ….။
ဒုတိယပုံထဲက neogi mansion ဆိုတာ မီရှဲနေနေတဲ့ တိုက်တန်းပါ။ ၁၉၂၈ ကတည်းကဆောက်ခဲ့တာဆိုတော့ နှစ်တစ်ရာပြည့်တော့မယ်။ ကိုယ်နေနေတဲ့ တိုက်ဓာတ်ပုံကို PETER MOVIE ဆိုတဲ့ ပေ့ချ်က ရှာတွေ့တော့ ဘယ်လောက်တောင်ပြောင်းလဲသွားလဲ သတိထားမိရင်း before after ဓာတ်ပုံလိုက်ရိုက်မိတာ။ ပုံဟောင်းတွေရဲ့ ဓာတ်ပုံအချိုးအစား နဲ့ ရိုက်ခဲ့တဲ့ပုံ ဆိုဒ်မတူတော့ ပုံ edit လုပ်ရတာ တိုင်ပတ်နေသေးတယ်။ ကြည့်ရင်း အပြောင်းအလဲကို ခံစားမိမယ် မျှော်လင့်ပါတယ်။ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများကို ချစ်တတ်ကြပါစေ …