Fried Banana
Articles Sep 21, 2021
![ငှက်ပျောကြော်](https://yangonthumichelle.com/wp-content/uploads/2021/09/242385639_406803897469815_7795939598982211874_n.jpeg)
![မတူးတာပဲ ရွေးထည့်ထားတယ်](https://yangonthumichelle.com/wp-content/uploads/2021/09/242393085_406804530803085_1027518407823924171_n.jpeg)
![ငှက်ပျောသီး ၂လုံး (မှည့်လေ ကောင်းလေ) သကြား ၂ဇွန်း (အချိုကြိုက်ရင် ပိုထည့်) ဂျုံ ၇ဇွန်း ထောပတ် ၂ဇွန်း Baking Powder ၂/၃ ဇွန်း ဆား ၁/၄ ဇွန်း](https://yangonthumichelle.com/wp-content/uploads/2021/09/242352963_406803967469808_19024497760504493_n.jpeg)
![ငှက်ပျောသီး ဆား သကြား ထောပတ်ထည့်ပြီး ကြိတ်လိုက်ပါတယ်။ မူလနည်းကတော့ အကုန်ကြေအောင် လက်နဲ့နယ်တာပါ။ လက်မဆေးချင်လို့ ကြိတ်စက်နဲ့ပဲ ကြိတ်လိုက်ပါတယ်။](https://yangonthumichelle.com/wp-content/uploads/2021/09/242365952_406804574136414_4954311605029284552_n.jpeg)
![ရေထည့်ဖို့မလိုဘူးနော် … ထောပတ်နဲ့ ငှက်ပျောသီးကအရည်နဲ့တင် အရည်ပျစ်ပျစ်လေး ရပါတယ်](https://yangonthumichelle.com/wp-content/uploads/2021/09/242393075_406803997469805_6046786322663415366_n.jpeg)
![ဒီလို အနေအထားရပါတယ်။](https://yangonthumichelle.com/wp-content/uploads/2021/09/242389288_406804140803124_6147427962070742136_n.jpeg)
![ဂျုံနဲ့ baking powder ထည့်လိုက်ရင်တော့ ဒီအနေအထားရပါတယ်။ အရည်မပါပဲ ကြိတ်ရတော့ စက်ကို ခဏခဏရပ်ပြီး ဇွန်းအရှည်နဲ့ နှံအောင် မွှေပေးပါ။](https://yangonthumichelle.com/wp-content/uploads/2021/09/242375370_406804070803131_2864320283731843615_n.jpeg)
![ပြီးရင် ဇွန်းနဲ့ခပ်ပြီး ပလက်စတစ်လက်အိတ်ထဲ ထည့်ပါတယ်။ piping bag မရှိလို့ ကြံဖန်လိုက်တာပါ။](https://yangonthumichelle.com/wp-content/uploads/2021/09/242327049_406804110803127_147472428622873086_n.jpeg)
![လက်ခလယ်နေရာက ညှစ်ရ အဆင်အပြေဆုံးမို့ သူ့ကိုပဲ ဗဟိုထားပြီး လက်မနဲ့လက်သန်းနေရာပါအောင် သားရေကွင်း(ကြက်ပေါင်ကွင်း)ချည်ထားလိုက်ပြီး မူလချက်နည်းထဲကအတိုင်း ဂျုံသားနပ်အောင် တစ်နာရီလောက် နှပ်ထားပါမယ်။](https://yangonthumichelle.com/wp-content/uploads/2021/09/242459729_406804040803134_7324693714071763694_n.jpeg)
![ကြော်ဖို့ရယ်ဒီဖြစ်ရင် လက်ခလယ်ထိပ်ကို အပေါက်သေးသေး ကပ်ကြေးနဲ့ ညှပ်လိုက်မယ်](https://yangonthumichelle.com/wp-content/uploads/2021/09/242319027_406804220803116_3788365850436646807_n.jpeg)
![အဝိုင်းလေး ဖြစ်အောင်ထည့်မယ်](https://yangonthumichelle.com/wp-content/uploads/2021/09/242401386_406804177469787_5519409285052198333_n.jpeg)
![မီးပြင်းသွားတော့ ထည့်ပြီး ခဏနဲ့တူးသွားပါပြီ 🤣](https://yangonthumichelle.com/wp-content/uploads/2021/09/242371697_406804340803104_8017364904784106934_n.jpeg)
![ဟိဟိဟိ 😇](https://yangonthumichelle.com/wp-content/uploads/2021/09/242388137_406804277469777_8785825137833611659_n.jpeg)
![ဒုတိယအကြိမ် လက်မှန်လာပြီး ပိုအဆင်ပြေလာပါပြီ](https://yangonthumichelle.com/wp-content/uploads/2021/09/242414387_406804747469730_4006570340241514096_n.jpeg)
![အောက်ခြေက နီညိုရောင်သန်းမှ တစ်ဖက်ကို လှန်ပေးပါ](https://yangonthumichelle.com/wp-content/uploads/2021/09/242316773_406804424136429_457635011153716570_n.jpeg)
![တတိယအကြိမ် အိုကေနေပြီ အိုကေနေပြီ](https://yangonthumichelle.com/wp-content/uploads/2021/09/242414904_406804484136423_5251341831804514006_n.jpeg)
![ကဲ … အဆင်ပြေသွားပါပြီ …. အဆုံးထိကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်။ စားကောင်းကြပါစေ ❤️](https://yangonthumichelle.com/wp-content/uploads/2021/09/242409111_406804697469735_7396785530031600654_n.jpeg)
ညနေခင်းဆို ဟိုဟာ စားချင်သလို ဒီဟာစားချင်လိုစိတ်တွေ ဖြစ်နေလား ချစ်မိတ်ဆွေတို့ရေ …
မီရှဲ Foodie Pyayt – ဒေါ်ပြည့်လက်ရာ က လုပ်ပြတဲ့ ငှက်ပျောသီး ဂျုံကြော်ကို ကြော်ပြထားပါတယ်။ မုန့်လုပ်စားရတာကို စိတ်မရှည်တဲ့မီရှဲအတွက် မုန့်ကိုနယ်ရတာ၊ မုန့်ရလာဖို့ စောင့်ရင်း မေ့သွားလို့ ပစ်လိုက်ရတာလည်း မနည်းဘူး။ ဆေးရကြောရတာ ပိုတောင်မကြိုက်သေး။ ဒါကြောင့် မပြည့်ကြော်ပြတဲ့အချိုးအစားကိုမှ မီရှဲအလွယ်လမ်းလိုက်ပြီး ကြော်လိုက်ပါတယ်။ ဒါမျိုးက ကြော်မရောင်းဘူး၊ ပူပူလေးစားမှကောင်းတာဆိုတော့ လုပ်စားတာ။ မပြည့်လောက်တော့ မကောင်းပေမဲ့ ဗိုက်ထဲရောက်ဖို့ အဓိက မလား။
ကဲ ကြော်ဖို့ပါဝင်ပစ္စည်းစုကြမယ်
- ငှက်ပျောသီး ၂လုံး (မှည့်လေ ကောင်းလေ)
- သကြား ၂ဇွန်း (အချိုကြိုက်ရင် ပိုထည့်)
- ဂျုံ ၇ဇွန်း
- ထောပတ် ၂ဇွန်း
- Baking Powder ၂/၃ ဇွန်း
- ဆား ၁/၄ ဇွန်း
မပြည့်ရဲ့ အသေးစိတ်နည်းလမ်းကတော့ ဒီလင့်ထဲမှာ ကြည့်လို့ရတယ်။ (https://fb.watch/885TBjIAoM/ ) မီရှဲလုပ်တာကတော့ တစ်ပုံချင်းစီ ကြည့်ပေးနော် …။
ချစ်တဲ့
ရန်ကုန်သူမီရှဲ