• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Myanmar Traditional Boxing (Lethwei)

Activities, Video Sep 21, 2018

အခုခေတ်မှာ ရေပန်းစားလူကြိုက်များလာတာ လက်ဝှေ့ပါ။ ကစ်ဘောက်ဆင်၊ မွေထိုင်း၊ Mixed martial arts (MMA) စသည်ဖြင့် ပုံစံအမျိုးမျိုးရှိတဲ့အထဲက မြန်မာ့လက်ဝှေ့ (Myanmar Traditional Boxing Lethwei) က မြန်မာလူမျိုးတွေရဲ့ ရိုးရာအားကစားနည်းပါ။

ကစ်ဘောက်ဆင်ကို အရင်က လေ့ကျင့်ဖူးပြီးသား ဖြစ်လို့ ဒီဗီဒီယိုမှာတော့ အသေးစိတ်မပြောတော့ပဲ လက်သီးတွဲလုံးတွေကို လေ့ကျင့်တာပဲ ပါတယ်။ မဆော့တာကြာတော့ သက်လုံကျတယ်။ ခဏလေးနဲ့ မောနေပြီ။

မြန်မာ့ရိုးရာလက်ဝှေ့က ပြောရရင် ပြောစရာများတယ်။ မီရှဲလဲ သက်ကိုးသက် မောင်းကိုးမောင်းလောက်ပဲ သိတယ်။ ဘာတွေလဲမေးရင် မသိသေးဘူး။ လေ့လာနေတုန်း။ ပြီးတော့ ရုပ်ပိုင်းဆုိင်ရာလေ့ကျင့်ရတာဖြစ်တဲ့အတွက် အချိန်ပေးလေ့ကျင့်ရတယ်။ ပညာရပ်တစ်ခုကို ချစ်ဖို့့ မြတ်နိုးတန်ဖိုးထားတတ်ဖို့က ပညာရပ်နဲ့သက်ဆိုင်တဲ့အကြောင်းတွေကို လက်လှမ်းမှီမှီ လေ့လာရလွယ်ကူဖို့အရေးပါပါတယ်။ ရိုးရာလက်ဝှေ့ကို ဒီထက်ပိုုပြီး စိတ်ဝင်စားလို့လည်း လေ့လာနေဆဲပါ။ ဒါနဲ့ပတ်သတ်ပြီး စာအုပ် စာတမ်း အကြောင်းအရာသိတဲ့လူရှိရင်လည်း ကောမန့်မှာ ပြောပြပေးပါဦး …

နောက်ပိုင်းမှာလဲ မိန်းကလေးတွေ လက်ဝှေ့ကိုု ပိုပိုစိတ်ဝင်စားလာတယ်။ အမျိုးသမီးတွေ လက်ဝှေ့ထိုးတာလည်း အရင်ကထက် အားပေးလာကြတယ်။ အံသြတာမျိုးမရှိတော့ပဲ လက်ခံလာတာ တွေ့ရတယ်။ အားကစားမှာ အမျိုးသမီးတွေရဲ့ ကဏ္ဍကအရေးပါတယ်နော့ … ။ ဒါကြောင့်လက်ဝှေ့ကို အားပေးရင်း စမ်းကစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်နော် …

ချစ်တဲ့

ရန်ကုန်သူမီရှဲ

IDEA LIVE Production

Special Thanks to  Ko Tin Zaw Myo Ko , Sayar Thein Sann and Sayar Tinzaw Latt. Thank you RAY Kickboxing & Bodyworkshop for location.

နောက်ဆုံးမှာရိုက်ကွင်းနောက်ကွယ်က အလွဲတွေထည့်ထားပေးတယ်

Kickboxing, Mix Martial Art (MMA) and Muay Thai sports are famous nowadays. As I am an instructor and lead trainer of Myanmar Women Self Defense Center, I used some techniques from Myanmar Traditional Kickboxing (Lethwei).

Myanma Lethwei is considered to be one of the most brutal martial arts in the world. I’m still learning and my knowledge is still limited about this topic. I also would like to promote our country original martial arts and thats why, I would like to create this video and share from my Facebook page and YouTube channel.

In this video, my mentor Sayar Thein Sann is teaching and sharing some techniques to me. I miss Lethwei training for long time, thats make me weak the stamina.

Share This Post
Facebook Twitter Linkedin
  • Activities in Yangon
  • Kickboxing
  • Lethwei
  • Lifestyle
  • Myanmar Traditional Kickboxing
  • Yangon
  • Yangon Thu Michelle
  • Yangon Thu Michelle's Video
Newer Older