• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

How do I makeup

Beauty, Video Sep 28, 2018

How Do I Makeup လို့ပဲ ဒီ video ကို နာမည်ပေးလိုက်မယ်။ ဒီတစ်ခါ ရန်ကုန်သူမီရှဲက နောက်ဗီဒီယိုမရိုက်ခင် အလှပြင်ဖို့လိုနေတာနဲ့ တခါတည်း အလှပြင်နေကြနည်းတွေ ဗီဒီယိုရိုက်လိုက်တယ်။

သုံးနေကြပစ္စည်းတွေနဲ့ပဲ လှအောင်ပြင်ထားတယ်။ အမြဲပြင်နေကြပုံစံပါပဲ။ မိတ်ကပ်လိမ်းရတာ ငယ်ငယ်တုန်းက အရမ်းကြိုက်တယ်။ ကျောင်းတတ်တုန်းကဆို တနေ့တမျိုးပြင်တယ်။ ဒါပေမဲ့ နောက်ပိုင်းရုံးတက်ရတော့ အလှပြင်ရမှာပျင်းလာရော။ Skin Care လိမ်းပြီး တနေကုန်နေတဲ့ရက်တွေများလာတယ်။

သုံးတဲ့ပစ္စည်းတွေကဘယ်ကမှအလကားမရကိုယ့်ဘာသာကြိုက်လို့ဝယ်သုံးတာတွေချည်းပဲ။သုံးတာတွေက

  • Skin Care – Laneige (Tonar, Skin Refiner, Emulsion)
  • Foundation – PUPA (Made to Last)
  • Concealer – Kat Von D (Lock it)
  • Powder – စန္ဒာပုလဲပေါင်ဒါ
  • Eyebrow – Kidley Eyebrow Pencil, Maybelline Fashion Brow
  • Primer – Urban Decay (Primer Potion Original)
  • Eyeshadow – Etude House (Play with colour # in the cafe)
  • Eye Pencil – PUPA eye pencil 09
  • Eyeliner – Anastasia Eyeshadow + Maybelline eyeliner
  • Mascara – Clinique Mascara 01 Black
  • Contour – Maybelline Fashion Brow
  • Bluch/Contour/Hightlighter – Lancom (Star Bronzer Palette) ဆိုတော့ သုံးတာတွေက ဒါအကုန်ပဲ။

မိတ်ကပ်လှအောင်လိမ်းတာထက် မိတ်ကပ်လိမ်းတိုင်း အဆင်ပြေတဲ့ အသားအရေဖြစ်အောင်မွေးထားသင့်တယ်။ မိတ်ကပ်မလိမ်းလဲ ကြည့်ကောင်းနေတာပေါ့။ အလွယ်ဆုံးနည်းတွေဆိုတော့ လိုက်လုပ်ကြည့်လို့လွယ်မယ် ထင်ပါတယ်။ နောက်ထပ်ဘယ်လိုဗီဒီယိုတွေ တင်သင့်လဲ အကြံပေးကြပါဦး။ လူလဲ ခေါင်းခြောက်နေပြီ။ ပြောပြကြပါဦး ….

ချစ်တဲ့

ရန်ကုန်သူမီရှဲ

Produced by IDEA LIVE Production

Cameras can accentuate wrinkles, affect skin tone, and magnify skin flaws like scars and acne. Makeup is used to bring out natural features and cover up a blemishes. The lights and camera will wash out your natural skin tone, so you need makeup to bring your skin back to life and keep you from looking like a ghost.

As I’m a vlogger, I always makeup by myself. In this video, I would like to share how do I makeup before shooting. Please note that, this is not commercial or promotional. I just want to share what I am using and which may be depend on the skin types.

Anyway, let’s have a look and let me know your comments and suggestion.

Share This Post
Facebook Twitter Linkedin
  • Beauty
  • DIY
  • Lifestyle
  • Makeup
  • Tips and tricks
  • Yangon Thu Michelle
  • Yangon Thu Michelle's Video
Newer Older