• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Circular Railway of Yangon

Places and landmarks, Video Apr 27, 2018

တစ်ပတ် တစ်ပတ် ဘယ်သွားရင်ကောင်းမလဲ ဘာလုပ်ရမလဲ တွေးရတာ ဦးနှောက်လည်း အရည်ခမ်းကုန်ပြီ။ ပြီးရင် ရန်ကုန်သူမီရှဲ သွားတဲ့နေရာကို ပြောသာပြောရတာ …. သွားလည်ကြရဲ့လား မသိ … သွားရပြီး ပြောရတဲ့လူကတော့ လျှာအပြားလိုက်ထွက်နေပြီ။ သွားဖြစ်ရင်လည်း အကျိုးအကြောင်းလေး ပြန်ပြောကြပါဦး။ စဉ်းစားရင်း မြို့ပတ်ရထား (Circular Railway) စီးဖို့ အကြံရတယ်။ ဒါပေမယ့် ဘယ်ကိုသွားရမလဲဆိုတာ သေချာမသိ …. အချိန်လည်းရတဲ့ ပိတ်ရက်ဖြစ်နေတော့ ရန်ကုန်မြို့ထဲမှာရှိတဲ့ ဟင်းသီးဟင်းရွက်သည်တွေ ဖောက်သည်ယူတဲ့ တညင်းကုန်းစျေးကို အကြောင်းရှာပြီး သွားဝယ်ဖြစ်တယ်။

ရာသီပေါ်သီးနှံထက်စာရင် အမြဲတမ်း စျေးမှာတွေ့ရတဲ့ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ မုန်ညှင်းရွက်၊ ဘူးသီး၊ သခွားသီး၊ ဖရုံသီး၊ ငရုတ်သီး …. စတာတွေ စျေးခေါက်ချိုးလောက်သက်သာတယ်။ တစ်ခုရှိတာက အများကြီး လက်လီ လက်ကားရောင်းတော့ ရောင်းပန်းလှအောင် အမြင်လှအောင် လုပ်ထားတာမဟုတ်ဘူး။ အစည်းလိုက် အပုံလိုက်တွေပဲ မြင်ရမှာ …။ တဆင့်ယူရောင်းတဲ့စျေးသည်ကတော့ ရေလေးဖြန်း ပြန်စည်း အမြင်လှအောင်ခင်းကျင်းရောင်းတာပေါ့။

ကုန်ကျခဲ့တဲ့စရိတ်က ရထားခ ၁၀၀ ကျပ်၊ ဟိုဟာ ဒီဟာ ဝယ်တာ ၃၀၀၀ ကျပ်၊ (ငါးရက်လောက်စားယူရတယ်)၊ မုန့်စား တိုလီထွာလီက ၂၀၀၀ ကျပ်။ အဲ့ဒါပဲကုန်တယ်။

အဲ့ဒီတော့ သွားလည်ဖြစ်ရင် ဘာတွေဝယ်ခဲ့လဲ ပြောပြဦး …

I took a circular railway trip from downtown to urban area market (Da Nyin Kone Station) to buy vegetables.

ချစ်တဲ့
ရန်ကုန်သူမီရှဲ
IDEA LIVE Production

Share This Post
Facebook Twitter Linkedin
  • Lifestyle
  • Places in Yangon
  • Railway Road
  • Urban Yangon
  • Yangon
  • Yangon Thu Michelle's Video
Newer Older