• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

The experience of learning Kendo in Myanmar

Activities, Video Nov 02, 2018

Today I’m gonna share about the experience of learning Kendo in Myanmar.

ငြိမ်ငြိမ်နေရရင် နေမကောင်းချင်သလိုလိုဖြစ်တတ်တဲ့ မီရှဲက ဂျပန်ဆာမူရိုင်းတွေကို အားကျပြီး ဓားသိုင်းသင်ဖို့ ဓာတ်ကျနေလေရဲ့။ အဲ့ဒါနဲ့ Myanmar Kendo Association မှာ တနင်္ဂနွေနေ့ မနက် ၁ဝခွဲကနေ ၁၂ထိ သင်လို့ရတယ်ဆိုတာနဲ့ သွားစမ်းသင်ကြည့်ခဲ့ပါတယ်။ နေရာက အမျိုးသားရေကူးကန်ဘေးလမ်းအတိုင်း ဝင်သွားပြီး လမ်းအဆုံးမှာရှိတယ်။

သင်တန်းကြေး အလကား ဖရီး အက်ဖ်အိုစီ(FOC) ပါ။ (ရေး…အလကားတဲ့) သင်တန်းကို တက်ကြည့်ပြီး ရေရှည်ကစားမယ်ဆိုမှ လိုအပ်တဲ့ ဝတ်စုံ၊ ဝါးဓား၊ ရင်ကာ၊ ခါးပတ်၊ မျက်နှာဖုံးတွေဝယ်ရတာပါ။ အဲ့ဒီပစ္စည်းတွေကတော့ စျေးနဲနဲမြောက်တယ်။ ပစ္စည်းကွာလတီပေါ်မူတည်ပြီး စျေးသက်သာတာရှာလို့ရပါတယ်။ ပြိုင်ပွဲဝင်ဖို့လေ့ကျင့်ရင် အပေါ်ကပြောခဲ့တဲ့ထပစ္စည်းတွေက အကုန်လိုပါတယ်။ ဒါပေမဲ့ ကစားကြည့်ပြီးမှ ဆုံးဖြတ်ပါ။

ကန်ဒိုဓားသိုင်းက တခြားအားကစားနဲ့ Taste ကွာတယ်။ သိမ်မွေ့တယ် ပြောရမယ်။ ခြေလှမ်းလှမ်းတာက အစ၊ ဓားနဲ့ခုတ်(ဝါးဓားနဲ့ခုတ်)၊ ဓားကိုလွှဲရင်တော့ လက်ကလိုသလိုထိန်းနိုင်နေရတယ်။ ပြီးတော့ ဒီအတိုင်းလွှဲနေရရုံမဟုတ်ပဲ အသံနဲ့ခြိမ်းခြောက်တဲ့သဘောရောက်အောင် ပါးစပ်က ခုတ်မဲ့နေရာကို အော်ရသေးတယ်။ ပြိုင်ပွဲမှာ ခြေထောက်အရွှေ့၊ ခုတ်တဲ့ဟန်၊ ပါးစပ်ကအသံထုတ်တာ သုံးခုလုံးပါမှ အမှတ်ရတာတဲ့။ အခြေခံလေ့ကျင့်တာက ငါးကွက် ခေါင်း၊ လက်၊ ဘေး၊ လည်မြို၊ ဘေးရှောင်ခုတ်။ ကြည့်တော့သာ လွယ်လွယ်လေး ဓားကိုပုံစံကျအောင် ခုတ်ဖို့ တော်တော်ကျင့်ရတယ်။ ဖြေးဖြေးလေးကျင့်နေကြတော့ စိတ်ထဲက ဒါပဲလား တွေးနေမိသေး။ အမလေး.. ပြီးမှ ပြိုင်ပွဲလေ့ကျင့်တယ်ဆိုပြီး မညှာမတာအပြန်အလှန်ချနေကြတာ အားရပါးရပဲ။

ဂျပန်ဓားသိုင်းကို သတိထားမိတာ Kill Biil ထဲက ဂျပန်ယာကူဇာခေါင်းဆောင် Lucy Liu ရဲ့ပုံစံရယ်၊ Uma Thurman ရဲ့ နောက်ဆုံး Lusy Liu ကို ခေါင်းပွင့်ထွက်အောင်ခုတ်လိုက်တဲ့ ဓားချက်ကို မှတ်မှတ်ရရပဲ။ လောလောဆယ်တော့ ဝါးဓားနဲ့ပဲ ခုတ်ခဲ့တယ် .. အဲ့ ..ရိုက်ခဲ့တယ်ဆို ပိုမှန်မယ် … ဟိဟိ

နောက်အပတ်ဘာလုပ်ဦးမလဲ မျှော်နေပါဦး

ချစ်တဲ့
ရန်ကုန်သူမီရှဲ

Special Thanks to Myanmar Kendo Association

Produced ByIDEA LIVE

Activity လုပ်လို့ရတာတွေ ထပ်ရှာကြည့်ချင်တယ်ဆိုရင်တော့ ဒီလင့်ကို နှိပ်ပါ။ 

Share This Post
Facebook Twitter Linkedin
  • Activities in Yangon
  • Japanese Tradition
  • Kendo
  • Kendo club in Myanmar
  • Kendo Sword
  • Martial Art
  • Myanmar Kendo Association
  • Places in Yangon
Newer Older