DIY video about making Cappuccino
Activities, Video Nov 09, 2018
Today, I’m gonna share about the most basic DIY video about making Cappuccino. ကော်ဖီဆိုင်တွေပေါများလာတဲ့ အချိန်မှာ ကော်ဖီကောင်းကောင်းတစ်ခွက်က စျေးလဲကြီးပါတယ်။ အဲ့ဒါနဲ့ အိမ်မှာပဲ အလွယ်တကူဖျော်သောက်လို့ရတဲ့ ကော်ဖီဖျော်နည်းတွေ တက်သလောက် မှတ်သလောက်ပြောပြထားပါတယ်။
ပါဝင်ပစ္စည်းလိုအပ်တာတွေက
- ကော်ဖီမှုန့်
- သကြား
- နွားနို့ (ကော်ဖီထဲထည့်ရန်)
- နို့မှုန့် (အမြုပ်လုပ်ရန်)
- ချောကလက် (အရည်/အခဲ နှစ်သက်ရာ)
အဓိကလိုတာက အမြုပ်ထအောင် မွေတဲ့အတံ။ အဲ့ဒါ Japan Store မှာရှိတယ်။ တခြားဆိုင်တွေမှာရှာမရဘူး။
လုပ်နည်းအဆင့်ဆင့်
– ကော်ဖီကို ကော်ဖီဖျော်စက်နဲ့ဖျော်လည်းရတယ်။ ဒါမှမဟုတ် ကော်ဖီကိုနှပ်ထားပြီး ဇကာနဲ့စစ်လဲရတယ်။ ဘယ်လိုလုပ်လုပ် ကြိုက်တဲ့နည်းနဲ့လုပ်ပြီး ဘလက်ကော်ဖီရလာရင် ဖြစ်တယ်။ (ဗီဒီယိုထဲမှာတော့ နို့မှုန့်ကြိုရောမိသွားတယ်။ အဲ့ဒါနဲ့ ဘလက်ကော်ဖီအရောင်မဖြစ်လိုက်ဘူး)
- ပြီးရင် သကြား၊ နွားနို့ ကြိုက်သလောက်ထည့်
- အရေးကြီးတဲ့အပိုင်းက နို့မှုန့်ကို မွေတံနဲ့မွှေလိုက်ပြီး အမြုပ်ထွက်လာရင်ရောလိုက်ရုံပဲ။
- တခုရှိတာက ဆိုင်ကလိုသောက်မယ်ဆိုရင် ကော်ဖီကို ခွက်အပြည့်မထည့်ပဲ အမြုပ်ရောရင် ပြည့်သွားမဲ့ပမာဏကို ချိန်ပြီးထည့်ဖို့လိုပါတယ်။
ဒါဆို Cappuccino ရပြီ..
Mocha ဆိုရင် နို့မှုန့်ကို မမွှေပဲ ချောကလက်ကိုပဲ ပျော်အောင်ဖျော်ရမှာပါ။ ချောကလက်ဖျော်နည်းနောက်တစ်ခုက လိုသလောက်ချောကလက်ကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်ဖျော်လဲရတယ်။ အဆင်ပြေသလိုပေါ့။
ဒီနည်းတွေက လွယ်ပါတယ်။ ဆိုင်ဖျော်တွေလိုနည်းလမ်းအရမ်းမကျပေမဲ့ တခါတလေ အပျင်းပြေဖျော်သောက်လို့ရအောင်ပါပဲ။ မီရှဲသောက်သလောက်တော့ အရသာသိပ်မကွာပါဘူး။ စမ်းကြည့်ကြည့်ပြီး ပြန်ပြောပြနော် …
ချစ်တဲ့
ရန်ကုန်သူမီရှဲ
ပေါက်ကရလေးဆယ်နဲ့ မီရှဲကို တိုက်ရိုက်စကားပြောချင်တယ်ဆိုရင် Yangonian Vs Yangonthu_Michelle ကို Join Group လုပ်ထားလို့ရတယ် သိလား ..။ အဲ့ဒီမှာ နောက်ရက်တွေကစပြီး activity တွေတင်မယ်။ စကားပြောမယ်။ သတင်းတွေ သိချင်တာတွေ ဖလှယ်ကြမယ်။ ဒီထက်ပိုကောင်းအောင် တိုင်ပင်ကြမယ် အိုကေ? …
A great cappuccino is a small, yet mighty cup that has become one of the most famous espresso drinks ever. With perfectly steamed milk, espresso, and frothy foam, this is a perfect combination. Guess what? You can make a barista-quality cappuccino in the comfort of your own home. I’m going to teach you how to make the most amazing homemade cappuccino that you’ve ever had… straight from a cafe in Italy!
If you like about DIY video about making Cappuccino, please share and subscribe to my YouTube Channel. And find more activity videos from this link.
Produced by IDEA LIVE