• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

To Prevent From Child Abuse

Health, Video Mar 30, 2018

ဒီအပတ်တော့ ဘယ်မှမရောက်ဖြစ်ပဲ ဒေါက်တာသက်စုထွေး Thet Htwe (Strong Flowers Sexuality Education Service) ဆီကို child abuse နဲ့ ပတ်သက်ပြီး သိချင်တာရှိလို့ သွားမေးဖြစ်တယ်။

ကလေးသူငယ်အကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိမ်းတွေ  လှိုင်လှိုင်ပေါနေတဲ့အချိန်မှာ ဘယ်နားမှာပဲဖြစ်နေ ဖြစ်နေ ကိုယ့်အနီးမှာရှိတဲ့ ကလေးကို စိုးရိမ်ရတာ ပထမ။ အချိန်ပြည့်လည်း အမြဲမကြည့်နိုင်။ အမြဲကြည့်နေရင်လည်း ကလေးက စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု အထောက်အကူမဖြစ်။ ဘာလုပ်သင့်တယ်ဆိုတာ ဝေခွဲရခက်နေတဲ့ အုပ်ထိန်းသူတွေ ရှိကြမှာပါ။

ဒီအတိုင်း စိတ်ပူနေရုံနဲ့ ဘာမှဖြစ်မလာနိုင်တော့ သံမဏိပန်းလေးများ (Strong Flower Sexuality Education Services) က ဒေါက်တာ သက်စုထွေးကိုပဲ မေးရ မြန်းရတော့တယ်။

ဘာလို့ သူ့ကိုမေးလည်းဆိုတော့ အတူတူလက်တွဲလုပ်လာတာကြာပြီ။ သူသင်သမျှလည်း နားထောင်ဖူးတယ်။ အမျိုးသားကိုသင်ရင်တစ်မျိုး၊ အမျိုးသမီးကိုသင်ရင်တစ်မျိုး၊ ကလေးကိုသင်ရင်တစ်မျိုး၊ ဆယ်ကျော်သက်ကိုသင်ရင်တစ်မျိုး။ သင်ကြားခံရမယ့် အသက်အရွှယ်အနေအထားကို ကြည့်ပြီး သင်တတ်တယ်။ ဆရာဝန်တစ်ယောက် ဆေးကုနိုင်ရုံသက်သက် မဟုတ်ပဲ လိင်ကျန်းမာရေးပညာပေးကိုပါ သင်နိုင်တဲ့ အားသာချက်ကြောင့် ချဉ်းကပ်မေးမြန်းရတော့တယ်။

သက်ငယ်မုဒိန်း ကို မဖြစ်အောင် အုပ်ထိန်းသူတွေဘက်ကနေ ဘယ်လိုသင်ပေးလို့ရလဲဆိုတာကို ဗီဒီယိုထဲမှာ အကျဉ်းချုပ်ရှင်းပြထားပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် မေးချင်ပါသော်လည်း အချိန်အဆင်မပြေမှု့ကြောင့် တတ်နိုင်သမျှအတိုဆုံး အထိရောက်ဆုံးပဲပြောထားပါတယ်။ ဒါတောင် ပုံမှန် သုံးမိနစ်ကနေ လေးမိနစ်စာလုပ်ထားတယ်။

ဒီထက်ပိုပြီးသိချင်တာ ရှိရင် Strong Flowers Sexuality Education Service Thet Htwe ကိုဆက်သွယ်မေးမြန်းလို့ရပါတယ်။

ကလေးသူငယ်အားလုံးဘေးကင်းလုံခြုံတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေနော် …..

Myanmar Parents have problems that they don’t know how to teach their children sex education. I think it’s good opportunities to ask Dr. Thet Su Htwae (Founder of Strong Flowers Sexuality Education Services) how shall we teach our children to prevent from child abuse.

ချစ်တဲ့
ရန်ကုန်သူမီရှဲ
IDEA LIVE PRODUCTION
Proudly brought to you by Smart Lion Group of Compinies
#yangonthumichelle #waystoprevent_childabuse #ရန်ကုန်သူမီရှဲ

Share This Post
Facebook Twitter Linkedin
  • Child Abuse
  • Health
  • Yangon Thu Michelle's Video
Newer Older