• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

No Trash Burn

Environmental, Video Jan 07, 2021

ချစ်ရတဲ့မိတ်ဆွေတို့ရေ

အခုနေထိုင်ရတဲ့ ရပ်ကွက်၊ ပတ်ဝန်းကျင်မှာပြောင်းလဲလာတဲ့အရာကို သတိထားမိလား။ ဧပြီလတုန်းက အိမ်ထဲမှာပဲနေရချိန် ကားတွေလည်းမထွက်၊ စက်ရုံတွေလည်းနားတော့ ရန်ကုန်မြို့မှာ အသက်ရှုရပိုကောင်းလာတာကို သတိထားမိတယ်ဟုတ်။ မီရှဲအမေဆို ရန်ကုန်က လွန်ခဲ့တဲ့ နှစ်၂၀၊ ၃၀ကအတိုင်းပြန်ဖြစ်သွားတယ်တဲ့။

ဒါပေမဲ့အခုရက်ပိုင်း ဆောင်းတွင်းရောက်နေပေမဲ့ နွေတုန်းကထက်တောင် အသက်ရှုရမွန်းကြပ်လာတယ်။ သွားရင်းလာရင်းနဲ့လဲ မီးခိုးငွေ့တွေ တွေ့နေရတယ်။ အဲ့ဒါ ပတ်ဝန်းကျင်မှာ အမှိုက်မီးရှို့ခြင်း ကြောင့် မီးခိုးငွေ့တွေများလားပြီး လေထုညစ်ညမ်းလာတာပါ။ ဆောင်းရာသီဆိုတော့ ရွက်ခြောက်ကြွေပြီး အမှိုက်များလာတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အမှိုက်ကို မီးရှို့မှ ရမှာတဲ့လား။ စနစ်တကျစွန့်ပစ်လို့ရတာပဲဟာ …။

အဲ့ဒီတော့ အနားဝန်းကျင်မှာ အမှိုက်မီးရှို့နေရင် တားပါ။ စနစ်တကျ စွန့်ပစ်ဖို့အားပေးပါ။ ရန်ကုန်မြို့ကြီးမှာ နေလို့ကောင်းဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့မြို့ပြဖြစ်ဖို့ ကိုယ်တိုင်က စတင်ပါဝင်ကြပါစို့နော် ….

ချစ်တဲ့ ရန်ကုန်သူမီရှဲ

Share This Post
Facebook Twitter Linkedin
Newer Older