• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

My experiences to go around the village near Bagan

Travelogue, Video Nov 30, 2018

Bagan is situated at the middle of Burma. This video is all about my experiences to go around the village near Bagan.

ပုဂံမြို့မှာရောင်းတဲ့ ပုန်းရည်ကြီး၊ အိုး၊ ခုံဖိနပ်တွေက ပတ်ဝန်းကျင်ရွာတွရဲ့ဒေသထွက်ပစ္စည်းတွေပါတဲ့။ အဲ့ဒါနဲ့ ပုဂံတစ်နေရာထဲ မသွားတော့ပဲနဲ့ ပုဂံနားက ငါ့သရောက်ရွာ(ငသရောက်)ကို သွားလေ့လာလိုက်ကြတယ်။ ငါ့သရောက်ရွာကိုဦးတည်ပေမဲ့ အဲ့ဒီမရောက်ခင် ရွာအစုလိုက်မှာကိုက အညာဓလေ့တွေမြင်နေရပါပြီ။ လမ်းဆင်းမေးဖို့ အိမ်တစ်အိမ်ဝင်လိုက်တာ လမ်းလဲလိုက်ပြတယ်။ ဝမ်းသာအားရနဲ့ အကြော်တွေကြော်ကျွေးတယ်။ ဗီဒီယိုထဲက အကြော်က အဲ့ဒီအိမ်ကကျွေးတာ။ အိမ်တွေကလဲ ကြိုက်တဲ့အိမ်ဝင်…. ပျော်ပျော်ကြီးကို ဧည့်ကြိုကြတယ်…။

တခါတလေ “ဆူးပန်းလိပ် နားမှာခွေ” ၊ “သူ့မျက်နှာ ပုတ်လောက်ကြီး” လိုမျိုး ဥပမာအလင်္ကာနဲ့ ပြောထားတဲ့ ကဗျာတွေ စာတွေဖတ်ရရင် မျက်စိထဲသိပ်မပေါ်ဘူး။ ဆူးပန်းလိပ်ဆိုတာ ဘာပန်းလဲ မသိသလို၊ ပုတ်ကလဲ ဘယ်လောက်ကြီးလဲ မသိဘူးပဲ။ အညာကိုရောက်တော့မှ ” အော် … ဒါကိုပြောတာကိုး” ဆိုပြီး ဉာဏ်အလင်းပွင့်တော့တယ်။ ဒါတောင်သိချင်တာ ကျန်ခဲ့သေးတယ်။ “ဖျဉ်အိုး” ကို မမြင်လိုက်ရဘူး။ နောက်တစ်ခေါက်မှထပ်သွားကြည့်တော့မယ်။ ပုန်းရည်ကြီးဆိုလည်း စားသာစားတာ ဘာပဲနဲ့လုပ်မှန်းမသိ၊ ဘယ်လိုလုပ်တယ်လဲ မသိ၊ အခုမှ သိတော့တယ်အေ။

အညာရောက်ခဲ့ရင်လည်း ဘာတွေကြုံခဲ့ရသေးလဲ ပြောပြပါဦး။ တခြားမသိသေးတဲ့ဓလေ့တွေကျန်သေးရင်လည်း ဝေမျှ။ ထပ်သွားဖြစ်အောင်လို့ …။

ချစ်တဲ့

အညာရောက် ရန်ကုန်သူမီရှဲ

Produced byIDEA LIVE

Joint Production with Like Art Creation

 

Have you been to Bagan? May be, but you should go around the village near Bagan to touch the natural beauty of Burmese traditions. If you want to see more about my travelogue videos, please click here. And I would like to request to subscribe my official YouTube channel to create more valuable contents in the future.

Share This Post
Facebook Twitter Linkedin
  • Bagan
  • Bagan in our Heart
  • Cultural Heritage
  • Places and Landmarks
  • Places in Bagan
  • Travelogue
  • Yangon Thu Michelle's Video
Newer Older