• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Gun shooting range in Yangon

Activities, Video Aug 17, 2018

ဒီတစ်ခါတော့ မြောက်ဒဂုံမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်ကွင်း (Gun shooting range in Yangon) ကို သွားပြီး သေနတ်အစစ်တွေ ပစ်ခဲ့တယ်။ သေနတ်တွေကို သေချာထိန်းသိမ်းထားပြီး အစစ်နဲ့ပစ်ခွင့်က တခြားဘယ်နေရာမှာမှ မရနိုင်တဲ့ အခွင့်အရေးပဲ။ အဲ့ဒါနဲ့ သွားပစ်ခဲ့တယ်။ တကယ် …. ပြောမပြတတ်အောင် မိုက်တယ်။ အရင်က လေသေနတ်နဲ့ ချင်းပြည်နယ်သွားတုန်းက တောပစ်မုဆိုးဆီက တူမီးသေနတ်ပဲပစ်ဖူးတာ။ ပစ်ရတာ အကွာကြီးကွာတယ်။ ဆရာတွေနဲ့ သေချာလေ့ကျင့်ပြီးမှ ပစ်ရတာဆိုတော့ အန္တရာယ်မရှိဘူး။ ကိုးတန်းကျောင်းသူလေးတစ်ယောက်ပစ်နေတာတောင်တွေ့ခဲ့တယ်။ စနေ တနင်္ဂနွေ မနက် ကိုးနာရီကနေ ညနေလေးနာရီထိ အသင်းဝင်တွေပစ်လို့ရတယ်။

သေနတ်ပစ်ရင် ဘာတွေ အကျိုးကျေးဇူးရှိလဲဆိုတော့ မီရှဲရဲ့အမြင်က ပထမဆုံးပစ်တဲ့အချိန် ကိုယ့်ကိုယ်ကိုယ် အက်ရှင်ကားထဲရောက်နေသလိုခံစားရတယ်။ ဒါပေမဲ့ အာရုံစိုက်ရတဲ့အတွက် စိတ်တည်ငြိမ်တယ်။ တရားမှတ်တာထက်တောင် အာရုံပိုစုစည်းရသလိုုပဲ။ အသက်အရွယ်မကန့်သတ်ထားတဲ့အတွက် လူကြီးလူငယ်မရွေး ပစ်လို့ရတယ်။ သေနတ်ကိုင်နိုင်တဲ့အရွယ်ဆိုရင်ပေါ့။ ခန္ဓာကိုယ်အနေအထားမမှန်ရင်လည်း ပစ်ရခက်တဲ့အတွက် ကုိယ်အနေအထားမှန်စေတယ်။

အရင်ကဆိုု အသင်းဝင်ကြေးက စျေးတော်တော်ကြီးတယ်။ အခုကျတော့ အသင်းဝင်ရတာလည်း လွယ်သွားပြီ။ စျေးလဲသက်သာတယ်။  A, B and C ဆိုပြီးတော့ အသင်းဝင်ပုံစံ သုံးမျိုးခွဲထားတယ်။ စစဝင်ရင် C Type Membership ပဲရမယ်။ တစ်သက်စာ အသင်းဝင်ကြေးမှ သုံးသောင်းပဲ ကျတယ်။ ပစ်ရင် ကွင်းကြေး တစ်ထောင်၊ သေနတ်ဖိုး တစ်ထောင်၊ ကျည်က တစ်ခုကို ၂၅ကျပ် (ဟုတ်ပါတယ် မြန်မာကျပ်ငွေနဲ့ပါ)။ စစဝင်ရင် ပစ္စတို၊ ဒါမှမဟုတ် ရိုင်ဖယ် နဲ့ ၁၀ မီတာမှာပဲ ပစ်ရတယ်။ သုံးလအတွင်း ရှစ်ရက် (စနေ တနင်္ဂနွေ – အသင်းဝင်အချိန်) ပစ်တယ်ဆိုရင် ဘုတ်အဖွဲ့ပြန်ထိုင်ပြီး B Type Member ဖြစ်သင့် မဖြစ်သင့် ဆုံးဖြတ်တယ်။ ဖြစ်သွားရင် အသင်းဝင်ကြေး ငါးသောင်း ထပ်ပေးရတယ်။ ကျည်အစစ် ယမ်းတောင့်နဲ့ မီတာ ၅ဝမှာ ပစ်လို့ရပြီ။ ကျည်တစ်တောင့်ကို သုံးရာ/ငါးရာပဲကျတယ်။ A Type Member ကတော့လက်ရွေးစင်နိုင်ငံကိုယ်စားပြုတွေဖြစ်သွားပြီ။

အခုုချိန်မှာလူငယ်သေနတ်ပစ်အားကစားနိုင်ငံကိုယ်စားပြုတွေရှိလာစေချင်တော့လူငယ်တွေကိုအရမ်းကြိုဆိုုနေပါတယ်။ကိုယ့်ရဲ့ကြောက်စိတ်ကိုဖယ်ပြီးလုပ်နိုင်စွမ်းတွေမြှင့်တင်ကြည့်ဖို့အချိန်ကောင်းပါ။ယောက်ျားလေးမိန်းကလေးမရွေးလေ့ကျင့်ပစ်ခတ်နိုင်လို့ပိတ်ရက်မှာသွားဖို့တစ်နေရာရာစဉ်းစားနေတယ်ဆိုရင်သေနတ်ပစ်လေ့ကျင့်ကြည့်ဖိုဖိတ်ခေါ်ပါတယ်။

လေ့ကျင့်မယ်ဆိုရင် သင်တန်းတက်ရမှာပါ။ မှတ်ပုံတင်မူရင်း မိတ္တူ၊ သန်းခေါင်စားရင်းမူရင်းမိတ္တူ၊ ရပ်ကွက်ထောက်ခံစာ။ ရဲစခန်းထောက်ခံစာ၊ လိုင်စင်ပုံသုံးပုံ ပါရပါမယ်။ ။အသင်းဝင်ကြေးက –၃၀၀၀၀ကျပ် ပါ။လစဉ်ကြေးက ၁၅၀၀ ကျပ်ပါ။ စစချင်း မိတ်ဆက်ကို စနေ၊ တနင်္ဂနွေ နှစ်ရက် တစ်နေကုန် စာတွေ့လက်တွေ့သင်ပါမယ်။ ပြီးရင်တစ်လလုံး အဆင်ပြေတဲ့ နေ့လာပစ်လို့ရပါတယ်၊ ပထမအဆင့်ကတော့ Air Gun, Air Rifle နဲ့ပစ်ရပါမယ်။ Level နောက်တစ်ဆင့်တက်သွားရင် .22 ကျဉ်အစစ်နဲ့စစ်ရမှာပါ။စိတ်ဝင်စားသူတွေသင်တန်းစာရင်းသွားပေးလို့ရပါပြီ။

စမ်းကြည့်ကြည့်ပါလို့ …..

ချစ်တဲ့

ရန်ကုန်သူမီရှဲ

လျို့ဝှက်ချက်။ ။ မီရှဲ သေနတ်ကြိုအပစ်ကျင့်ထားတာမရှိပဲ ဒီအတိုင်းကို ရိုက်ရင်းပစ်တာ။ ကြောက်တာ လက်တွေ မသိမသာတုန်တာ ကိုယ်တိုင်ပဲသိတယ် ဟီး ….

Produced by IDEA LIVE

Special thanks to https://www.facebook.com/NorthDagonShootingRange/ 

This video is about gun shooting range in Yangon. There Are only few shooting range in Yangon. Good information is membership fees is cheap.

Fees

There are three types of membership, type A, B and C. For entry level is Type C membership. Lifetime membership fees for type C is 30000 kyats (around 25 USD). Shooting range fee is 1000 kyst/time, gun renting fees 1000ks and 25 kyats per bullet. Sat and Sun only 9 am to 4 pm. After practicing for 3 months, board member will decide you should get type B membership or not. If yes, pay 50000 kyats and you can start shooting with real bullet at 50 meter range.

Membership

For type A membership, they are national representatives. You will need 3 ID photos, ID card (original,copy), household certificate(original,copy), township approval and police approval. Monthly fees is 1500 kyats. Address is google international shooting range. To Contact: Ba Chit. (U Chit Swe) 09262569630.

Have fun.

Share This Post
Facebook Twitter Linkedin
  • Activities in Yangon
  • Gun shooting range
  • Lifestyle
  • Places in Yangon
  • Yangon
  • Yangon Thu Michelle's Video
Newer Older