• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Breast Cancer Awareness

Health, Video Oct 06, 2018

ဒီတစ်ပတ်ပြောပြမဲ့ အကြောင်းအရာက Breast Cancer awareness ဆိုတော့ အမျိုးသမီးဖြစ်လာပြီးဆိုရင် အမျိုးသမီးဖြစ်ကြောင်း သိသာစေတဲ့အချက်ထဲမှာ ရင်သားလည်းပါပါတယ်။

မျိုးဆက်အတွက် ရင်သွေးတွေမွေးဖွားပေးနိုင်တယ်။ နို့တိုက်ပြီး ရင်သွေးတွေကျန်းမာလာအောင်စောင့်ရှောက်ပေးနိုင်တယ်။ ဒါ့ကြောင့် အမျိုးသမီးဆိုတာနဲ့ ရင်သားအရွယ်အစားသာ ကွာသွားမယ်။ ရင်သားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းက တူတူပါပဲ။

ဒီရင်သားတွေက တခါတလေတော့ ဒုက္ခ ပေးနိုင်တယ်။ အောက်တိုဘာလ ၁၃ရက်က (Breast Cancer Awareness) ရင်သားကင်ဆာအသိပေး ကျန်းမာရေးအတွက် တွင်တွင်ကျယ်ကျယ်လုပ်တဲ့ လဆိုတော့ ရင်သားကင်ဆာရဲ့ အစလက္ခဏာတွေကို ကိုယ်တိုင်စမ်းသပ်ရှာကြည့်လို့ရမယ့် နည်းလမ်းတွေ မီရှဲသိသလောက် ပြောပြထားပါတယ်။ စောစောသိရရင် ပျောက်အောင်ကုလို့လွယ်တာမို့ လစဉ် ရာသီမလာခင် ၁၄ရက်လောက်ဆို စမ်းကြည့်ရင်အကောင်းဆုံးပါ။ လစဉ်စမ်းသပ်ဖို့လဲလိုပါတယ်။ ရင်သားအနေအထား အပြောင်းအလဲတွေကို အမြဲစစ်ဆေးနေသင့်ပါတယ်။

အကျိတ်တွေခဲ့ရင်လည်း ကြောက်စရာမလိုပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ တစ်ခါတလေ အဆီကျိတ်ဆိုကြောက်စရာမလိုပါဘူး။ ကနဦးလက္ခဏာတွေတွေ့ရဲ့သားနဲ့ ဆရာဝန်နဲ့တိုင်ပင်ရမှာကြောက်နေရင် မပြောကောင်း မဆိုကောင်း ကင်ဆာဖြစ်နေမှဖြင့် ရောဂါကျွမ်းမှ သိရရင် ကုရခက်မယ်။ ဖြတ်ထုတ်တဲ့အထိဖြစ်၊ ကျန်တဲ့ဖက်ပါ ရောဂါကူး …. အမလေး မတွေးဝံ့စရာ …။

အမျိုးသားတွေကလည်း ရင်သားကင်ဆာဖြစ်နိုင်တာမို့ သတိပြုကြပါ။ ပတ်ဝန်းကျင်မှရှိတဲ့ အမျိုးသမီးတွေကိုလည်း ရင်သားကင်ဆာနဲ့ ပတ်သတ်တဲ့အကြောင်း ကျန်းမာရေးအသိတွေ ပြောပြလို့ရတယ်။ အဖွား အမေ အဒေါ် တူမ ဇနီး ညီမ သမီး တူမ ခင်တဲ့ မိတ်ဆွေတွေကိုလည်း ရင်သားကင်ဆာလက္ခဏာတွေကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်း။ ဒါတွေက ရှက်စရာမဟုတ် (သူစိမ်းသွားပြောရင်တော့ နောက်ဆက်တွဲပြသနာ မီရှဲနဲ့မဆိုင် 😛) ကျန်းမာရေးအသိတွေ များများရဖို့လိုတယ်။

ဆိုတော့ကာ နောက်အပတ်ဗီဒီယိုမှာ ထပ်တွေ့ကြမယ်။ စောင့်မျှော်အားပေးပါဦးလို့

ချစ်တဲ့ ❤️

ရန်ကုန်သူမီရှဲ

Share This Post
Facebook Twitter Linkedin
  • Breast Cancer
  • Health
  • Tips and tricks
  • Women empowerment
  • Yangon Thu Michelle
  • Yangon Thu Michelle's Video
Newer Older