• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

All about export fashion

Articles Nov 13, 2021
All about Export fashion
All about Export fashion
Primark ကိုမှ တစ်စုံလုံး ကိုးထောင် First Image ကဝယ်တာပဲ
Primark ကိုမှ တစ်စုံလုံး ကိုးထောင် First Image ကဝယ်တာပဲ
ဒါလည်း ၇၀၀၀ တဲ့ Shop with SHAY
ဒါလည်း ၇၀၀၀ တဲ့ Shop with SHAY
သရက်သီးတံဆိပ် ကိုမှ ၁၂၀၀၀ လားပဲ ဝမ်းဆက်ကိုနော် BRANDED EXPORT GARMENTS (Retail Group)
သရက်သီးတံဆိပ် ကိုမှ ၁၂၀၀၀ လားပဲ ဝမ်းဆက်ကိုနော် BRANDED EXPORT GARMENTS (Retail Group)
Yangon Branded Export Store က လည်ထောင်လေး အသားကောင်းပြီး အထာကျချက်ပဲ
Yangon Branded Export Store က လည်ထောင်လေး အသားကောင်းပြီး အထာကျချက်ပဲ
Queen Of Beauty II - Export Fashion
Queen Of Beauty II - Export Fashion
အပေါ်သုံးထည်က May Madi Export Fashion Push up ပါတယ် tag လည်းပါတယ် တစ်ထည် ၆၀၀၀ အောက်သုံးထည်က MDC Collections နေ့စဉ်ဝတ်လို့ကောင်းတယ် အုံအပျော့နဲ့ တစ်ထည် ၈၀၀၀
အပေါ်သုံးထည်က May Madi Export Fashion Push up ပါတယ် tag လည်းပါတယ် တစ်ထည် ၆၀၀၀ အောက်သုံးထည်က MDC Collections နေ့စဉ်ဝတ်လို့ကောင်းတယ် အုံအပျော့နဲ့ တစ်ထည် ၈၀၀၀
Tag ပါတာလည်းရှိတယ် မပါပဲ ညှပ်ထားတာလည်း ရှိတယ်
Tag ပါတာလည်းရှိတယ် မပါပဲ ညှပ်ထားတာလည်း ရှိတယ်

ဒီတစ်ခါတော့ all about export fashion ပေါ့လေ။ Export ထည်ဆို မွေးပွအနွေးထည်နဲ့ သားရေဂျာကင်ပဲ ရှိတာမဟုတ်ပါဘူး။ ခရီးသွားရင် ဝတ်လို့ကောင်းနဲ့ လည်ထောင်လက်ရှည်တွေ၊ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်စရာ အထည်လှလှတွေ အများကြီးကိုရှိတာ။

အဲ့ဒီထဲမှာ နေ့စဉ်လိုအပ်တဲ့ အမျိုးသမီးဝတ် အတွင်းခံလည်းရသေးတယ်။ ဘရမ်းတစ်ထည် ၁၈၀၀၀ /၂၁၀၀၀ ကျပ်နဲ့ ဝယ်မဲ့အစား ကိုယ်ရဲ့ဆိုဒ်ကွက်တိကို ၆၀၀၀/၈၀၀၀ နဲ့ပဲ ဝယ်ဝတ်တော့မှာပေါ့။ အဲ့ဒီလို စျေးတွက်တွက်ပြီး ဝယ်ရင်း အဝယ်လွန်နေပြီ 😅။ တီရှပ်ဘရာ၊ ရင်ဟိုက်ဘရာ၊ push up bra စသည်ဖြင့် စုံစိနေတာပဲ။

အတွင်းခံဘောင်းဘီလည်းရှိသေးတယ်။ သူကတော့ အမျိုးအစားမစုံဘူး။ စျေးကလည်း ပုံထဲက ပုံစံဆို နှစ်ထည်ပါတစ်ဗူးက်ု ခြောက်ထောင်တဲ့။ အမြဲဝယ်လို့ရမနေတာ ဆိုးတယ်။

ညဝတ်အင်္ကျီဆိုရင်တော့ ပုံစံအများကြီးရှိတယ်။ မြန်မာနိုင်ငံရာသီဥတုနဲ့ ကိုက်တယ်။ မထူဘူး၊ မပူဘူး၊ ရင်ဘတ်လုံတယ်၊ လေကာတယ်။ ဗီဒီုတစ်ခုလုံးလည်း export ထည်တွေနဲ့ပြည့်နေပြီမို့ မီရှဲကို အကိုကြီးချောချောတစ်ယောက်လောက် လာတားကြပါဦး ….။

ပုံအောက်မှာ ဆိုင်လင့်ခ်တွေရှိပါတယ်လို့ …။

Branded export garments 

Shop with SHAY

Yangon Branded Export Store

Queen of Beauty II – Export

May Madi Export Fashion 

MDC Collections

ရန်ကုန်သူမီရှဲရဲ့ ဘေထုပ်တန်းအင်္ကျီတွေအကြောင်းလည်း ဒီ link မှာ ဖတ်လို့ရပါတယ်။ video လည်း ရှိပါတယ်။

Share This Post
Facebook Twitter Linkedin
  • DIY
  • Export Fashion
  • Fashion
  • Lifestyle
  • Yangon Thu Michelle
Newer Older