• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Fried Banana

Articles Sep 21, 2021
ငှက်ပျောကြော်
ငှက်ပျောကြော်
မတူးတာပဲ ရွေးထည့်ထားတယ်
မတူးတာပဲ ရွေးထည့်ထားတယ်
ငှက်ပျောသီး ၂လုံး (မှည့်လေ ကောင်းလေ) သကြား ၂ဇွန်း (အချိုကြိုက်ရင် ပိုထည့်) ဂျုံ ၇ဇွန်း ထောပတ် ၂ဇွန်း Baking Powder ၂/၃ ဇွန်း ဆား ၁/၄ ဇွန်း
ငှက်ပျောသီး ၂လုံး (မှည့်လေ ကောင်းလေ) သကြား ၂ဇွန်း (အချိုကြိုက်ရင် ပိုထည့်) ဂျုံ ၇ဇွန်း ထောပတ် ၂ဇွန်း Baking Powder ၂/၃ ဇွန်း ဆား ၁/၄ ဇွန်း
ငှက်ပျောသီး ဆား သကြား ထောပတ်ထည့်ပြီး ကြိတ်လိုက်ပါတယ်။ မူလနည်းကတော့ အကုန်ကြေအောင် လက်နဲ့နယ်တာပါ။ လက်မဆေးချင်လို့ ကြိတ်စက်နဲ့ပဲ ကြိတ်လိုက်ပါတယ်။
ငှက်ပျောသီး ဆား သကြား ထောပတ်ထည့်ပြီး ကြိတ်လိုက်ပါတယ်။ မူလနည်းကတော့ အကုန်ကြေအောင် လက်နဲ့နယ်တာပါ။ လက်မဆေးချင်လို့ ကြိတ်စက်နဲ့ပဲ ကြိတ်လိုက်ပါတယ်။
ရေထည့်ဖို့မလိုဘူးနော် … ထောပတ်နဲ့ ငှက်ပျောသီးကအရည်နဲ့တင် အရည်ပျစ်ပျစ်လေး ရပါတယ်
ရေထည့်ဖို့မလိုဘူးနော် … ထောပတ်နဲ့ ငှက်ပျောသီးကအရည်နဲ့တင် အရည်ပျစ်ပျစ်လေး ရပါတယ်
ဒီလို အနေအထားရပါတယ်။
ဒီလို အနေအထားရပါတယ်။
ဂျုံနဲ့ baking powder ထည့်လိုက်ရင်တော့ ဒီအနေအထားရပါတယ်။ အရည်မပါပဲ ကြိတ်ရတော့ စက်ကို ခဏခဏရပ်ပြီး ဇွန်းအရှည်နဲ့ နှံအောင် မွှေပေးပါ။
ဂျုံနဲ့ baking powder ထည့်လိုက်ရင်တော့ ဒီအနေအထားရပါတယ်။ အရည်မပါပဲ ကြိတ်ရတော့ စက်ကို ခဏခဏရပ်ပြီး ဇွန်းအရှည်နဲ့ နှံအောင် မွှေပေးပါ။
ပြီးရင် ဇွန်းနဲ့ခပ်ပြီး ပလက်စတစ်လက်အိတ်ထဲ ထည့်ပါတယ်။ piping bag မရှိလို့ ကြံဖန်လိုက်တာပါ။
ပြီးရင် ဇွန်းနဲ့ခပ်ပြီး ပလက်စတစ်လက်အိတ်ထဲ ထည့်ပါတယ်။ piping bag မရှိလို့ ကြံဖန်လိုက်တာပါ။
လက်ခလယ်နေရာက ညှစ်ရ အဆင်အပြေဆုံးမို့ သူ့ကိုပဲ ဗဟိုထားပြီး လက်မနဲ့လက်သန်းနေရာပါအောင် သားရေကွင်း(ကြက်ပေါင်ကွင်း)ချည်ထားလိုက်ပြီး မူလချက်နည်းထဲကအတိုင်း ဂျုံသားနပ်အောင် တစ်နာရီလောက် နှပ်ထားပါမယ်။
လက်ခလယ်နေရာက ညှစ်ရ အဆင်အပြေဆုံးမို့ သူ့ကိုပဲ ဗဟိုထားပြီး လက်မနဲ့လက်သန်းနေရာပါအောင် သားရေကွင်း(ကြက်ပေါင်ကွင်း)ချည်ထားလိုက်ပြီး မူလချက်နည်းထဲကအတိုင်း ဂျုံသားနပ်အောင် တစ်နာရီလောက် နှပ်ထားပါမယ်။
ကြော်ဖို့ရယ်ဒီဖြစ်ရင် လက်ခလယ်ထိပ်ကို အပေါက်သေးသေး ကပ်ကြေးနဲ့ ညှပ်လိုက်မယ်
ကြော်ဖို့ရယ်ဒီဖြစ်ရင် လက်ခလယ်ထိပ်ကို အပေါက်သေးသေး ကပ်ကြေးနဲ့ ညှပ်လိုက်မယ်
အဝိုင်းလေး ဖြစ်အောင်ထည့်မယ်
အဝိုင်းလေး ဖြစ်အောင်ထည့်မယ်
မီးပြင်းသွားတော့ ထည့်ပြီး ခဏနဲ့တူးသွားပါပြီ 🤣
မီးပြင်းသွားတော့ ထည့်ပြီး ခဏနဲ့တူးသွားပါပြီ 🤣
ဟိဟိဟိ 😇
ဟိဟိဟိ 😇
ဒုတိယအကြိမ် လက်မှန်လာပြီး ပိုအဆင်ပြေလာပါပြီ
ဒုတိယအကြိမ် လက်မှန်လာပြီး ပိုအဆင်ပြေလာပါပြီ
အောက်ခြေက နီညိုရောင်သန်းမှ တစ်ဖက်ကို လှန်ပေးပါ
အောက်ခြေက နီညိုရောင်သန်းမှ တစ်ဖက်ကို လှန်ပေးပါ
တတိယအကြိမ် အိုကေနေပြီ အိုကေနေပြီ
တတိယအကြိမ် အိုကေနေပြီ အိုကေနေပြီ
ကဲ … အဆင်ပြေသွားပါပြီ …. အဆုံးထိကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်။ စားကောင်းကြပါစေ ❤️
ကဲ … အဆင်ပြေသွားပါပြီ …. အဆုံးထိကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်။ စားကောင်းကြပါစေ ❤️

ညနေခင်းဆို ဟိုဟာ စားချင်သလို ဒီဟာစားချင်လိုစိတ်တွေ ဖြစ်နေလား ချစ်မိတ်ဆွေတို့ရေ …

မီရှဲ Foodie Pyayt – ဒေါ်ပြည့်လက်ရာ က လုပ်ပြတဲ့ ငှက်ပျောသီး ဂျုံကြော်ကို ကြော်ပြထားပါတယ်။ မုန့်လုပ်စားရတာကို စိတ်မရှည်တဲ့မီရှဲအတွက် မုန့်ကိုနယ်ရတာ၊ မုန့်ရလာဖို့ စောင့်ရင်း မေ့သွားလို့ ပစ်လိုက်ရတာလည်း မနည်းဘူး။ ဆေးရကြောရတာ ပိုတောင်မကြိုက်သေး။ ဒါကြောင့် မပြည့်ကြော်ပြတဲ့အချိုးအစားကိုမှ မီရှဲအလွယ်လမ်းလိုက်ပြီး ကြော်လိုက်ပါတယ်။ ဒါမျိုးက ကြော်မရောင်းဘူး၊ ပူပူလေးစားမှကောင်းတာဆိုတော့ လုပ်စားတာ။ မပြည့်လောက်တော့ မကောင်းပေမဲ့ ဗိုက်ထဲရောက်ဖို့ အဓိက မလား။

ကဲ ကြော်ဖို့ပါဝင်ပစ္စည်းစုကြမယ်

  • ငှက်ပျောသီး ၂လုံး (မှည့်လေ ကောင်းလေ)
  • သကြား ၂ဇွန်း (အချိုကြိုက်ရင် ပိုထည့်)
  • ဂျုံ ၇ဇွန်း
  • ထောပတ် ၂ဇွန်း
  • Baking Powder ၂/၃ ဇွန်း
  • ဆား ၁/၄ ဇွန်း

မပြည့်ရဲ့ အသေးစိတ်နည်းလမ်းကတော့ ဒီလင့်ထဲမှာ ကြည့်လို့ရတယ်။ (https://fb.watch/885TBjIAoM/ ) မီရှဲလုပ်တာကတော့ တစ်ပုံချင်းစီ ကြည့်ပေးနော် …။

ချစ်တဲ့

ရန်ကုန်သူမီရှဲ

Share This Post
Facebook Twitter Linkedin
Newer Older