• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

An Intro to Myanmar National Library

Places and landmarks, Video Dec 03, 2018

Dear my beloved friends, today topic is an intro to Myanmar national library.

ရောက်ဖြစ်သွားတဲ့ ဒီတစ်ပတ်နေရာကတော့ အမျိုးသားစာကြည့်တိုက်ပဲဖြစ်ပါတယ်။ ပုဂံမှာပဲလည်နေရတာ ပျင်းမှာစိုးလို့ ရန်ကုန်ကို ပြန်သွားလည်တာ။ နိုင်ငံတစ်နိုင်ငံက ထွက်သမ ျှစာအုပ်တွေကို နိုင်ငံရဲ့အမျိုးသားစာကြည့်တိုက်ကို တစ်အုပ်ပေးရပါတယ်။ ဒါကြောင့် တစ်ခုခုရှာချင်ရင် စာကြည့်တိုက်မှာ ရှာရတာ အစုံဆုံးပါ။

ရန်ကုန်မှာလဲ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၈၅ (က) သီရိမင်္ဂလာရိပ်သာလမ်းမှာ အမျိုးသားစာကြည့်တိုက်ရှိပါတယ်။ အထဲချောင်ကျတဲ့နေရာမှာတော့ ဖြစ်နေပေမဲ့ တိတ်ဆိတ်ပြီးနေလို့ကောင်းတယ်။ သွားရလာရခက်တယ်။ ဒါပေမဲ့ ၂၀၂ဝဆိုရင် ကုန်သည်လမ်းမှာရှိတဲ့ မြန်မာ့ရေနံ Burma Oil Building (BOC)အဆောက်အအုံကို နေရာရွှေ့တော့မယ်တဲ့။ အသစ်ရောက်တဲ့စာအုပ်တွေကို အဲ့ဒီမှာထားထားတယ်။ အသစ်မပြောင်းခင်စပ်ကြား စာကြည့်တိုက်အကြောင်းသိရအောင် စစ်စုခဲ့ပါတယ်။

အမျိုးသားစာကြည့်တိုက် မဖြစ်သေးခင်က၊ ၁၉ ၅၂ ခုနှစ်ကမှ ဘားနဒ်အခလွတ်စာကြည့်တိုက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနက လွှဲယူ၊ (ဘားနဒ်စာကြည့်တိုက်တုန်းက စာအုပ်တွေ အခုထိရှိသေးတယ်) နိုင်ငံတော်စာကြည့်တိုက်ဆိုပြီး ဂျုဗလီဟောမှာဖွင့်၊ ပြီးတော့မှ အမျိုးသားစာကြည့်တိုက်ဆိုပြီးနာမည်ပြောင်း၊ နေရာလဲခဏခဏပြောင်းပြီးမှ အခုကမ္ဘာအေးလမ်းမှာ ရှိနေတာပါ။ ပြီးရင် ကုန်သည်လမ်းကိုပြောင်းဦးမှာပါ။

အင်္ဂါနေ့ကနေ စနေနေ့အထိ၊ မနက်(၁၀)နာရီကနေ ညနေ(၄)နာရီအထိဖွင့်တယ်။ ရည်ညွန်းသီးသန့်ထားတာဖြစ်လို့ အပြင်ပေးမငှားပါဘူး။ ကဒ်တွေနဲ့ပဲရှာရပြီး ပေးဖတ်ပါတယ်။ အမျိုးသားပြတိုက်မှာရှိတဲ့ စာကြည့်တိုက်အခွဲမှာလည်း ဖတ်လို့ရတယ်။

လိုချင်တဲ့အချက်အလက်တွေ ရှာမယ်ဆိုရင် အမျိုးသားစာကြည့်တိုက်ကို ချန်မထားနဲ့လို့။ တခါတလေ အပျင်းပြေလဲ စာသွားဖတ်လို့ရသေးတယ်။ တစ်ရက်တူတူသွားချင်မိပါရဲ့

စာကြည့်တိုက်တွေကိုချစ်တဲ့

ရန်ကုန်သူမီရှဲ … 

Produced by IDEA LIVE Production

Special Thanks to National Library Yangon

#yangonthumichelle #nationallibrary #michellemayshell #nationallibrarymyanmar

ရန်ကုန်သူမီရှဲရဲ့ library တွေအကြောင်း တစ်စုတစည်းထဲကြည့်ချင်တယ်ဆိုရင် ဒီလင့်မှာ နှိပ်ပါ။ ကိုယ့်ရဲ့ထင်မြင်ယူဆချက်လေးတွေကိုလည်း comment မှာ မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်နော်။

Share This Post
Facebook Twitter Linkedin
  • Activities in Yangon
  • Libries
  • Libries in Myanmar
  • Libries in Yangon
  • Myanmar National Library
  • Places in Yangon
  • Yangon Thu Michelle's Video
Newer Older