• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Indoor Rock Climbing in Yangon

Articles Nov 19, 2021
indoor rock climbing in yangon by yangon thu michelle

လူတိုင်းပျော်မနေတဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင်လည်း စိတ်တွေ မွမ်းကြပ်နေတယ်ဟုတ်။ ဒီအချိန်မှာ ပျော်ရတယ်လည်းမဟုတ်၊ စိတ်အပန်းပြေအောင် activity လုပ်ချင်တယ်၊ သူငယ်ချင်းတွေနဲ့လည်း တစ်စုတစ်စည်းတည်း တူတူစုံရဖို့ဆိုရင် indoor rock climbing ကို စမ်းကြည့်ကြည့်ပါလား….။

ဒီအားကစားက မြန်မာနိုင်ငံမှာ ခေတ်မစားဘူး၊ မသိကြလို့ရယ်၊ လိုအပ်တဲ့ အသုံးအဆောင်ရောင်းတဲ့နေရာနည်းတယ်။ ဒါပေမဲ့လေ စင်ကာပူရောက်တုန်းကဆို ကျောက်တောင်တက်နံရံကြီးမှ အကြီးကြီး အမြင့်ကြီးနဲ့ ကလေးတွေကအစ တွယ်တက်နေကြတာများ အားရစရာ။ ရုပ်ရှင်ထဲမှာဆိုလည်း မင်းသားနဲ့ မင်းသမီးဒိတ်ရင်လည်း Indoor Rock Climbing နေရာမှာချိန်းကြတာ ခဏခဏတွေ့တယ်။

မြန်မာနိုင်ငံမှာဆို ရင် Climb O’Clock ရှိတယ်။ ကိုဗစ်ကာလမှာ ခဏပိတ်ထားရပေမဲ့ အခုပြန်ဖွင့်နေပါပြီ။ လိုအပ်တဲ့ ဖိနပ်၊ ကိရိယာကို ငှားလို့ရရုံတင်မက သေချာသင်ပြပေးမဲ့ ဆရာလည်း အနားမှာအမြဲရှိနေပါတယ်။ အခုမှ စကစားချင်သူတွေကိုလည်း အရမ်းစိတ်ရှည်ပါတယ်။ ဆရာညီညီအောင်ကိုယ်တိုင်လည်း ဝါသနာအရင်းခံပြီး လုပ်နေတယ်။ ဒီထက်မက တောင်တက်အားကစားကို စိတ်ဝင်စားပါဝင်သူ တိုးပွားလာဖို့ အားထုတ်နေတာမို့ Climb O’Clock တောင်တက်အားကစားကို လာစမ်းကြည့်ကြပါဦးလို့ …။

သွားရင်လည်းပြောကြပါ။ တူတူသွားကြမယ်။
ချစ်တဲ့
ရန်ကုန်သူမီရှဲ

Address: ၁၃၊ ဦးဖေသင်လမ်း၊ (ဘီ)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။
Ph No: 09 799 879909

ပုံက ဟိုးအရင် ၂၀၁၈ တုန်းက နေရာအဟောင်းမှာ သွားတက်တုန်းကပုံ၊ အခုနေရာ အသစ်က ပိုမိုက်သွားပြီ။ ရန်ကုန်သူမီရှဲရဲ့ အတွေ့အကြုံတွေနဲ့ စာတွေကိုလည်း ဒီ Link မှာ ရှာဖတ်လို့ရပါတယ်။

Share This Post
Facebook Twitter Linkedin
  • Activities in Yangon
  • Lifestyle
  • Places in Yangon
  • Yangon
  • Yangon Thu Michelle
Newer Older