• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

ကြည့်မြင်တိုင်ညစျေး – Thrift Market

Places and landmarks, Video Mar 16, 2018

ဒီအပတ်တော့ ကြည့်မြင်တိုင်ညစျေး ကို သွားလည်ခဲ့တယ်။ တခြားညစျေးတွေလို ဂျင်းမဟုတ်ဘူး။ စျေးသက်သာတယ်။ ပစ္စည်းအစုံရတယ်။ ကြည့်မြင်တိုင်ညစျေး ရှိနေတာ ကြာလှပြီ။ ဒါပေမဲ့ အမြင်သစ်နဲ့ သွားလည်ကြည့်တော့လည်း စိတ်ဝင်စားစရာပဲ။ အကြိုက်ဆုံးက စားစရာတွေ ….. ပေါမှပေါ ….။ စားခဲ့တာက ပုဇွန်စာခွက်ကြော်သုပ်နဲ့ သာခွေယိုင်။ ကြုံရင် စားခဲ့ကြနော် ……

ကြည့်မြင်တိုင်ညစျေးနဲ့ မလှမ်းမကမ်းမှာ ဘေထုပ်တန်းရှိတယ်။ အင်္ကျီ တွေတန်တယ်။ ထသွားထလာ၊ အိမ်နေရင်းအင်္ကျီ အစ ပွဲတက်အင်္ကျီ ထိရှိတယ်။ သေချာလျှော် မီးပူတိုက်လိုက်ရင် ဝတ်လို့ရသွားတာပဲ။ တခါတလေ ပိုက်ဆံသောင်းကျော်အကုန်ခံပြီး ဝယ်ဖို့ နှမြောနေရင် ဘေထုပ်တန်းသွားမွှေကြည့်။ စိတ်ထဲမှာ ရောင်းနေတဲ့အထဲက ဘယ်လိုတွဲဝတ်ရင် ရမလဲ စဉ်းစားရတာလည်း ပျော်စရာ …. ။ ဖက်ရှင်အမြင်ရင့်သန်စေတာပေါ့။

မီရှဲလဲ နဲနဲရွေးခဲ့တယ်။ လျှော်ပြီးဝတ်ထားတဲ့ပုံလေး နောက်နေ့ပြမယ်။ brand တွေကို ဝတ်မှ လှတာမဟုတ်ပါဘူး။ လိုက်ဖက်အောင် ဝတ်တတ်ရင် ကြည့်ကောင်းရင် ရပြီ။ တခါတလေ နေရာဒေသ ပွဲအနေအထားကိုကြည့်ရင် ဝတ်သင့်ရင်တော့ ဝတ်ပါ။ ဖိနပ်ကောင်းကောင်းဝယ်ပါ။ လုံးဝမနှမြောပါနဲ့။ အသားအရည်ထိန်းသိမ်းပါ။ အစားအသောက် ဆင်ခြင်ပါ။ မိတ်ကပ်ပစ္စည်း တက်နိုင်သမျှအကောင်းသုံးပါ။ အကျီဆိုတာ သူများအတွက် ကျန်းမာကြံ့ခိုင်ဖို့က ကိုယ့်အတွက် …… ဒါဆို ဘေထုပ်ဝတ်လည်း မသိသာတော့ဘူး

ထုံးစံက ထုံးစံပဲဆိုတော့ မေးပါဦးမယ်။ ကြည့်မြင်တိုင်ညစျေးကို နောက်တစ်မျိုး ဘယ်လိုခေါ်လဲ။ အဖြေကတော့ ဗီဒီယိုထဲမှာပါတယ်။ ဗီဒီယိုလေးကို share ပြီး ဒီဗီဒီယိုကို ဘယ်လိုမြင်လဲဆိုတဲ့ ကိုယ့်ရဲ့အမြင်ရယ် … အဖြေရယ်ကို #yangonthumichelle #Kyimyindine_nightmarket ပါ တခါတည်းရေးပေး။ အဖြေမှန်ရင် လက်ဆောင်ရန်ကုန်မြို့တွင်းဆို အိမ်တိုင်ရာရောက်ပို့ပေးမယ်။ လက်ဆောင်က အသုံးဝင်စေရမယ်။ အမှတ်တရဖြစ်စေရမယ်။ ဒါပေမဲ့ ၂၀ မတ်လ ၂၀၁၈ ညနေခြောက်နာရီအထိပဲအကြုံးဝင်တယ်နော် …..

အဖြေတွေ ဖြေပေးကြနော် ….

ချစ်တဲ့
ရန်ကုန်သူမီရှဲ
IDEA LIVE Production

Share This Post
Facebook Twitter Linkedin
  • Market
  • Places in Yangon
  • Thrift Market
  • Yangon
  • Yangon Thu Michelle's Video
Newer Older