• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Water Festival 2018

Festivals, Video Apr 13, 2018

ဒီအပတ်အကြောင်းကတော့ သင်္ကြန် (water festival) ကာလ ရောက်နေပြီဖြစ်လို့ သင်္ကြန်အထူး အစီအစဉ်အနေနဲ့ ရန်ကုန်မြို့မှာ ဘာတွေထူးခြားနေလဲ လိုက်စပ်စုထားတယ်။

ရန်ကုန်မှာ လမ်းလျှောက်သင်္ကြန်ကို စည်ကားအောင် လုပ်ထားပေးပြီး လူတိုင်း အသက်အရွှယ်မရွေး ပါဝင်လို့ရတယ်။ ကန်တော်ကြီးနဲ့ မြို့တော်ခန်းမနားမှာရှိတယ်။ ရန်ကင်း ၁၂လုံးတန်းနားမှာလဲရှိတယ်။ မဏ္ဍပ်တွေလည်း ဒီနှစ်ပြန်လုပ်ခွင့်ပေးလိုက်တော့ မနှစ်ကထက်များတယ်။ အုန်းလက်မဏပ်တွေလည်း နေရာအနှံပဲ။

နှစ်သစ်ကူးကာလမှာ စတုဒီသာတွေအများကြီးပဲ (ဒါက အကြိုက်ဆုံးအချက်)။ ကောင်းမှုကုသိုလ်လုပ်ကြတယ်။ တရားစခန်းဝင်ကြတယ်၊ သာသနာ့ဘောင်ထဲဝင်တဲ့လူနဲ့၊ ပိတ်ရက်ရှည်ရလို့ ဇာတိပြန်ကြ၊ ခရီးသွားတဲ့လူတွေနဲ့ အစီအစဉ်ကိုယ်စီ အသီးသီးနဲ့ ……

အထူးတလည်ပြောချင်တာကတော့ သင်္ကြန်မှာ စတာ နောက်တာ ရှိပေမဲ့ ကိုယ်ထိလက်ရောက်စော်ကားရင် ငြိမ်ခံမနေဖို့ မှာချင်ပါတယ်။ ဒီအချိန်မှာ အများဆုံးကြားရတဲ့ကိစ္စ ဖြစ်နေတော့ မဖြစ်စေချင်လို့ပါ။ ပြီးတော့ အရမ်းလည်း အသားအရည်ပျက်စီးအောင် နေလောင်မခံနဲ့နော် ….

အန္တရာယ်ကင်း ဘေးရှင်းပြီး နှစ်သစ်ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေနော် ….

Thingyan aka Water festival of Myanmar is also known as Myanmar New Year. People get excited and prepare for it. Let’s take a look around decorations of Yangon. And in this video, I am sharing about some ideas how to stay securely during the water festival. Because this is very crowded places full with drunk people. I hope this video can help you to stay safe. Happy new year to you and stay safe.

ချစ်တဲ့
ရန်ကုန်သူမီရှဲ
IDEA LIVE Production

Share This Post
Facebook Twitter Linkedin
  • Festivals in Myanmar
  • Water Festival
  • Yangon Thu Michelle's Video
Newer Older