• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Self defense techniques

Activities, Video, Women Empowerment Jul 06, 2018

Another position which Yangon Thu Michelle took part was Lead Trainer of Myanmar Women’s Self Defense Center. So I am about share self defense techniques in very basic. A lot of women do not have basic martial art knowledge which make them think they can’t fight back. My concept is all they need is proper response and then escape. Getting out of the situation is crucial. So have a look …

ရန်ကုန်သူမီရှဲရဲ့ တခြားအလုပ်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့  မြန်မာအမျိုးသမီး ကိုယ်လုံပညာသင်တန်း​ရဲ့တွဲဖက်တည်ထောင်သူနဲ့ခေါင်းဆောင်နည်းပြဆရာပဲဖြစ်ပါတယ်။အခုထိလည်းသင်တန်းကိုလတိုင်းဖွင့်ပါတယ်။

အဓိကရည်ရွှယ်ချက်ကတော့ အမျိုးသမီးတွေ အန္တရာယ်ကြုံလာတဲ့အခါ တုံ့ပြန်နိုင်ဖို့နဲ့ လွတ်မြောက်ဖို့ပါပဲ။ အက်ရှင်ကားထဲကလို ပြန်ချဖို့ဆိုတာ နှစ်နဲ့ချီ သင်ကြားလေ့လာဖို့ လိုသလို စဉ်ဆက်မပြတ်လေ့ကျင့်နေဖို့လိုပါတယ်။ ဒါကြောင့် တစ်ခုခုဖြစ်လာခဲ့ရင် တုံ့ပြန်နိုင်ဖို့ပဲ အရေးကြီးပါတယ်။

ဒီဗီဒီယိုလေးကိုလုပ်ချင်နေတာကြာပြီ။အခုမှပဲလုပ်ဖြစ်တော့တယ်။ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ကိုယ့်ကိုနောက်ကနေအလိုက်ခံရတာ၊လက်ဆွဲခံရတာ၊ကိုယ်ထိလက်ရောက်ရိုက်နှက်ခံရတာနဲ့အနှောင့်အယှက်ပေးခံရတာတွေကြုံလာနိုင်ပါတယ်။မုဒိမ်းကျင့်ခံရတယ်ဆိုရင်တော့လမ်းမှာတွေ့တဲ့လူကကြုံလို့ဒီအတိုင်းတက်လုပ်သွားတာမျိုးနည်းတယ်။အတိုင်းအတာတစ်ခုထိရင်းနှီးမှမုဒိမ်းမှုကျူးလွန်ရဲတာပါ။ဒါကြောင့်ပြန်တိုက်ခိုက်တာမျိုးမဟုတ်ဘဲလွတ်အောင်ဘယ်လိုလုပ်ရမယ်ဆိုတဲ့အရမ်းအခြေခံကျပြီးအသုံးဝင်မယ့်နည်းတွေပြထားတယ်နော်။

တစ်ခုရှိတာက လက်တွေ့ဖြစ်လာရင် ခေါင်းထဲမှာ ကြည့်ထားတာတွေ အကုန်မေ့မှာ ….။ ဦးနှောက်နဲ့ လက်တွေက အလေ့အကျင့်မရှိရင် ကြည့်တာက ကြည့်တာပဲဖြစ်မှာ။ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ အိမ်မှာရှိတဲ့ မိသားစုဝင်နဲ့ပဲဖြစ်ဖြစ် လေ့ကျင့်ကြည့်ပါ။ အစပိုင်းကတော့ လက်တွေနာလိမ့်မယ်။ မညှာပဲလေ့ကျင့်လို့ လုပ်နိုင်သွားရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရလာလိမ့်မယ်။

အန္တရယ်ကင်း လုံခြုံစွာ သွားလာနိုင်ကြပါစေနော် ….

ချစ်တဲ့

ရန်ကုန်သူမီရှဲ

Produced by IDEA LIVE​

Share This Post
Facebook Twitter Linkedin
  • MWSDC
  • Self Defense
  • Women empowerment
  • Yangon Thu Michelle
  • Yangon Thu Michelle's Video
Newer Older