• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Things I Wish to know about Lighting Festival in Myanmar

Festivals, Video Oct 19, 2018

Every country have their own traditions, today I’m gonna share you about the things I wish I’d known before I tried lighting festival in Myanmar. ကြည့်မြင်တိုင် ဗားကရာမီးပွိုင့်နားမှာ ရိုးရာအတိုင်းမီးပုံးလုပ်နေတဲ့ အိမ်တွေဆီကို ဒီတခါသွားလည်ခဲ့တယ်။ ပဲတဉ်းလုပ်ငန်းကို အဓိကထားလုပ်နေကြပေမယ့် တော်သလင်းလလောက်ဆိုရင် မီးပုံးတွေ စလုပ်နေကြပြီ။ ဝါးတွေချိူး၊ စက္ကူတိပ်နဲ့ ကပ်ရင်ကပ်၊ မကပ်ရင် သံဖြတ်နဲ့တုပ်ပြီး ပုံဖော်နေကြတယ်။ ကော်ကြိုနေတာတော့ ထမင်းအိုးတည်နေသလားထင်ရတယ်။ အားရပါးရကို အများကြီးကြိုနေတာ။ ဆိုင်တွေသိပ်မကျန်တော့ဘဲ လေးဆိုင်လောက်ပဲရှိတော့တယ်။ တစ်ဆိုင်နဲ့ တစ်ဆိုင် လုပ်တဲ့အရုပ်တွေက ဆင်သလိုလိုနဲ့ လက်ရာ နည်းနည်းကွာတယ်။

ရန်ကုန်ထဲမှာတော့ မီးပုံးလုပ်တာ ဒီနေရာပဲသိတယ်။ ကျန်တဲ့ ဘယ်နေရာမှာလုပ်ကြသေးလဲ။ ဝယ်တဲ့သူတွေနည်းလာတော့ မီးပုံးသိပ်မလုပ်ကြတော့ဘူး။ ဆိုင်ရှင်အန်တီပြောတာတော့ “မလုပ်တော့ဘူး စဉ်းစားပေမယ့် အချိန်ရောက်လာရင် လုပ်ချင်တာပဲ” တဲ့။ ငယ်ငယ်တုန်းကဆို အိမ်ကအစ်ကိုတွေ၊ ညီမတွေ၊ အိမ်နားက ကလေးတွေ အကုန်စုပြီး သီတင်းမကျွတ်ခင်ကတည်းက ဗြောက်ဖောက်နေကြပြီ။

ပလက်ဖောင်းတွေလဲကျယ်သေးတော့ လူသွားလူလာလွတ်အောင် ဆော့လို့ရတယ်။ ယမ်းကြိုးကို ရီမုကားမှာ ချည်ပြီးမောင်းတယ်။ ရှူးဒိုင်းကို ပလက်စတစ်တောင့်ထဲက ယမ်းမှုန့်တွေထောင်းထုတ်၊ ပြီးရင် ယမ်းလမ်းကြောင်းပေးပြီး မီးရှို့ရင် ဟိုးအရင်ခေတ်ကဓာတ်ပုံရိုက်သလို တစ်ချက်မီးတောက်ပြီး မီးခိုးများများထွက်တယ်။ အဲ့ဒါကို ဓာတ်ပုံရိုက်တမ်းလုပ်ဆော့တယ်။ မာကျုရီဆိုတဲ့ ခဲပြားလိုဟာကို စိတ်ရှည်လက်ရှည်မီးရှို့၊ ပြီးရင် တံတွေးများများ တစ်နေရာမှာထွေး၊ မီးရှို့တာအချိန်ကြာလာရင် မီးလင်းလာရော၊ အဲ့ဒါကို တံတွေးအိုင်ပေါ်တင် ဖိနပ်နဲ့ရိုက်။ ဖောင်း …. ဆိုအသံမြည်ပြီး လင်းသွားရော .. ။ မီးပုံးပျံလွှတ်တယ်။ အိမ်ရှေ့က တိုက်နဲ့ အပြန်အလှန် ရှူးဒိုင်းပစ်ပြီး စစ်တိုက်တယ်။

အိမ်နားက အန်တီကြီးဆို မီးရှူးမီးပန်းတွေ အများကြီးဝယ်ပြီး သူ့သမီးအပါအဝင် ပတ်ဝန်းကျင်က ကလေး အကုန်ခေါ်ပြီး ဆော့ခိုင်းတယ်။ သီတင်းကျွတ်နဲ့ ပတ်သတ်ရင် ပျော်စရာတွေချည်းပဲ။ မီးဆော့ရင် အပူလောင်တာလဲ ပါတာပေါ့..။ အဲ့ဒီတော့ သီတင်းကျွတ်နဲ့ ပတ်သတ်တဲ့ အမှတ်တရလေးတွေရှိရင်ပြောပြ ….

By far the biggest, must-experience festivity in Myanmar is Thingyan—a huge, several-day water festival that rings in the Buddhist New Year. Several other celebrations, such as the light festivals of Thadingyut and Tazaungdaing. Aren’t to be missed either.  Both promise to excite and enchant with their vibrancy and traditions. Today, I’m gonna share to you my experiences how to make decorated firework. And also enjoy the lighting festival in Myanmar.

ချစ်တဲ့
ရန်ကုန်သူမီရှဲ

Share This Post
Facebook Twitter Linkedin
  • Festivals in Myanmar
  • Lifestyle
  • Lighting Festival
  • Places in Yangon
  • Yangon
  • Yangon Thu Michelle
  • Yangon Thu Michelle's Video
Newer Older