How to make Popcorn
Articles Sep 11, 2021
ဒီတစ်ခါ တကယ်ပေါက်ပေါက်ဖြစ်သွားပါပြီ မိတ်ဆွေတို့ရေ …. ။
ပေါက်ပေါက်လုပ်တဲ့အခါ အဓိကလိုအပ်တာကတော့ ပြောင်းဖူးကိုရင့်အောင်ထားပြီးမှ ချွေထားတဲ့ပြောင်းစေ့ (ပြောင်းကြမ်း) လိုအပ်ပါတယ်။ ပြောင်းမှုန့်၊ ပြောင်းနဲ့လုပ်တဲ့မုန့်အတွက် သုံးတဲ့ပြောင်းအမျိုးအစားပါ။
စျေးထဲမှာ ဝယ်လို့ရတဲ့ပြောင်းအမျိုးအစားက sweet corn အမျိုးအစားဖြစ်ပြီး သကြားဓာတ်ပိုများတယ်၊ အစိုဓာတ်ပိုများလို့ ပေါက်ပေါက်လုပ်ရင် မဖြစ်ပါဘူးတဲ့။
ပေါက်ပေါက်တစ်ခါလုပ်လိုက်တာဗဟုသုတတော်တော်ရသွားတယ်။
ကိုယ်ပိုင်ယာကနေ ထွက်တဲ့ပြောင်းစေ့ကို ဂန့်ဂေါကနေတကူးတကပို့ပေးတဲ့ မ K Khaing Aung နဲ့ ကိုယ်တိုင်ချက် ထောပတ်မွှေးမွှေးလေး လက်ဆောင်ပေးတဲ့ မခင် သန္တာ ဦး ကိုလည်း ကျေးဇူးတင်ပါတယ်။
တဆင့်ချင်းစီကိုပုံမှာ ပြထားပါတယ်လို့
ချစ်တဲ့
ရန်ကုန်သူမီရှဲ