• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Traveling to Bangkok

Travelogue, Video Jan 04, 2019

Traveling to Bangkok .. ရန်ကုန်သူမီရှဲ ရန်ကုန်ထဲမှာ နေရတာ ပျင်းလာရင် ဟိုသွား ဒီသွားလုပ်ပါတယ်။ 

Travelogue ပုံစံဒီတစ်ခါတော့ဘန်ကောက်မြို့ကိုခေတ္တအလည်ပေါ့။ဘန်ကောက်မြို့ဆိုတာအရင်တုန်းကဗီဇာခက်ပက်စ်ပို့ခက်တဲ့အချိန်တုန်းကသာသွားနိုင်ရင်လူအထင်ကြီးကြတာ။အခုကျတော့၃သိန်းလောက်ရှိရင်ကိုကောင်းကောင်းသွားလို့ရလို့လူတိုင်းသွားနေကြတာပါ။

ပြီးတော့ အရမ်းမြို့ပြဆန်ပြီး မွမ်းကြပ်တယ်။ လူတွေကလည်း အာရှမျက်နှာပေါက်ပဲဆိုတော့ ပက်တူနမ်ဆိုတဲ့ လက္ကားစျေးထဲရောက်ရင် မင်္ဂလာစျေး၊ ယုဇနပလာဇာရောက်သွားတာနဲ့ သိပ်မထူးဘူး။ လေအေးပေးစက်အေးနေတာရယ်၊ အစားအသောက်သန့်တယ်ထင်ရတာပဲ ကွာတယ်။

လူတိုင်းပြောနေကြတာဘန်ကောက်ကစျေးဝယ်လို့ကောင်းတယ်။ဟုတ်ပါတယ်။ကိုယ်ပိုင်ဒီဇိုင်းနဲ့တစ်ယောက်တစ်မျိုးထုတ်နေကြတော့အမျိုးအစားပုံစံတယ်၊ရွှေးစရာပိုများတယ်၊ကိုယ့်အကြိုက်နဲ့ကိုက်တဲ့စတိုင်ကိုရွေးလို့ရတယ်။စျေးတော့မပေါပါဘူး။

တန်ရာတန်ကြေးပေးသလိုရပါတယ်။ ငွေလဲနှုန်း တစ်ဘတ်ကို ၃၅ကျပ်လောက်ရှိတုန်းကဆို ဘတ်၂၀၀ ဆိုရင် အကျီကောင်းကောင်းရတယ်။ ငွေလဲနှုန်း ၅၂ကျပ်ဖြစ်တဲ့အချိန်ကျတော့ စျေးတွေအကုန်များတော့ ဝယ်ရတာ မတန်တော့သလိုဖြစ်လာတယ်။

စားစရာတွေကတော့ သိပ်အရသာမခံတတ်တော့ ဘာတွေမှန်းမပြောတတ်ပါဘူး။ ဘန်ကောက်ဆိုတာ အကြိုက်တိုင်းအတွက် အသင့်ရှိနေတဲ့ နေရာဆိုတော့ ကိုယ်ဖြစ်ချင်တာ သွားချင်တာကို သိရင် စုံစမ်းပြီးသွားရုံပါပဲ။ နိုင်ငံရပ်ခြားသွားတော့ မျက်စိပွင့် နားပွင့်ဖြစ်တာပေါ့

ရောက်ဖြစ်ရင် မီရှဲအတွက်မုန့်ဝယ်ခဲ့ … 

ချစ်တဲ့

ရန်ကုန်သူမီရှဲ

And watch more about my Travelogue videos, please find this link and subscribe my YouTube channel.

Share This Post
Facebook Twitter Linkedin
  • Bangkok
  • Places and Landmarks
  • Travelogue
  • Yangon Thu Michelle
  • Yangon Thu Michelle's Video
Newer Older