• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Interesting place about Bahadur Shah Zafar

Places and landmarks, Video Dec 21, 2018

This video is an Interesting place about Bahadur Shah Zafar. More than 150 years after he was secretly buried here by his British captors, where he stayed in a four-roomed house as a house arrest – quite different from the Red Fort, his previous home – the dargah is still a living monument.

အင်္ဂလိပ်တွေ ကိုလိုနီနယ်ချဲ့တုန်းက အိန္ဒိယနိုင်ငံကိုအရင်သိမ်းပြီးမှ မြန်မာနိုင်ငံကို သိမ်းတယ်ဆိုတာ သိကြမှာပါ။ ကိုလိုနီနယ်ချဲ့တယ်ဆိုကတည်းက အုပ်ချုပ်သူပိုင်ရှင်ကို နှင်ထုတ်/ချုပ်ကိုင်ပြီး မောင်ပိုင်စီးကြတာ။ ဆိုတော့ မြန်မာနိုင်ငံက နောက်ဆုံးဘုရင် သီပေါမင်းကိုလည်း ရတနာဂီရိပို့လိုက်သလို အိန္ဒိယနိုင်ငံက နောက်ဆုံးဘုရင် ဗဟာဒူရှားဇဖာရ်ကိုလည်း ရန်ကုန်ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်။ ဗဟာဒူရှားဇဖာရ်ကတော့ သီပေါမင်းထက်အရင် မြန်မာနိုင်ငံကို စောရောက်တယ်။ အိန္ဒိယနိုင်ငံကို ကိုလိုနီအရင်သိမ်းတာကိုး။

သီပေါမင်းက ရတနာဂီရိမှာ နတ်ရွှာစံတယ်။ စုဖုရားလတ်နဲ့ ကျန်တဲ့သမီးတော်တွေက ရန်ကုန်ကို ပြန်လာနိုင်ခဲ့ကြတယ်။ ဗဟာဒူရှားဇဖာရ်ကတော့ မိဖုရားကော သမီးတော်ကော ရန်ကုန်မှာပဲ ကွယ်လွန်သွားကြတယ်။ ဗဟာဒူရှားဇဖာရ်ကွယ်လွန်တော့ အုတ်ဂူကို အယောင်ပြပဲထားပေးပြီး အစစ်ကို ဖျောက်ထားကြတယ်။ ၁၉၉၁ခုနှစ် ဇဖာရ်ရှားဗလီအမျိုးသမီးဆောင်အတွက် နေရာချဲ့တော့မှ အုတ်ဂူကိုရှာတွေ့တယ်။ ပုံစံထူးခြားပြီး အထောက်အထားတွေယှဉ်ကြည့်တဲ့အခါမှာ ဗဟာဒူရှားဇဖာရ်အုတ်ဂူဖြစ်နိုင်တယ်လို့ ယူဆပြီး အခုထိနေရာမှာ သူ့အတွက်ဆုတောင်းပေးကြတယ်။

ရွှေတိဂုံဘုရားတောင်ဘက်ကနေ အဆင်း ဇီဝကလမ်းမှာ ရှိပါတယ်။ ရှာမတွေ့ရင် အောက်မြန်မာပြည်ဆေးသုသေနဌာနလို့ မေးရင်လည်းရပါတယ်။ ဆေးသုရဲ့မျက်နှာချင်းဆိုင်က ဗလီပါပဲ။ ဗလီဆိုလို့ တခြားဘာသာခြားတွေ ဝင်လို့ရပါ့မလား သံသယမဖြစ်ပါနဲ့။ ဝင်ရောက်လေ့လာလို့ရပါတယ်။ ဘုရားတွေ ချာ့ချ်တွေမှာ မလေးစားတဲ့အပြုအမှု၊ မသင့်တော်တဲ့အဝတ်အစားဝတ်ရင် မကြိုက်ကြဘူးမလား။ ဗလီကိုဝင်ရင်လည်း ဒါလေးတစ်ချက်တော့ သတိထားပေးပါနော်။ ပြီးတော့ ဘုရားဝတ်ပြုချိန်ဆို အပြင်မှာ ခဏတော့ စောင့်ရပါတယ်။ သိပ်မကြာပါဘူး။ အလွန်ဆုံး ၁၅မိနစ်လောက်ပါပဲ။ ဆက်ပြီးဘုရားရှိခိုးတဲ့လူတွေလဲ တွေ့နိုင်သလို ဆုတောင်းစာရွတ်ဖတ်နေသူတွေလဲရှိပါတယ်။

ကြုံလို့ရောက်ဖြစ်ခဲ့ရင် ဘုရင်ကြီးအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါနော်

ချစ်တဲ့

ရန်ကုန်သူမီရှဲ

Fan Fact: ဆက်လျှောက်သွားရင် အိမ်တန်းလျားနားမှာ လတ်လတ်ဆတ်ဆတ်ကြော်တဲ့ အာလူးကြော်ကို အလေးချိန်နဲ့ရောင်းနေတာ ထူးထူးခြားခြားတွေ့ရမယ်။ ဗလီဝင်းထဲက ထမင်းဆိုင်ကလဲ စျေးသက်သာပြီး စားကောင်းတယ်။ ပြီးတော့ ဒါရ်ကာဆိုတာ အိန္ဒိယလို အုတ်ဂူကိုခေါ်တာပါ။

IDEA LIVE Production

View more about the places and landmarks videos on my website. And I would like to request to subscribe my official YouTube channel to create more valuable contents in the future.

Share This Post
Facebook Twitter Linkedin
  • Dargah
  • Places and Landmarks
  • Places in Yangon
  • Yangon
  • Yangon Thu Michelle's Video
Newer Older