• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Old glass factory

Places and landmarks, Video Oct 12, 2018

ဒီတခါ သွားခဲ့တဲ့နေရာ စိတ်ဝင်စားဖို့ကောင်းတဲ့ စက်ရုံဟောင်းကြီး တစ်ခု  (Old glass factory) က ၁၅၂၊ အင်းစိန်လမ်းမ၊ ယောဂီကျောင်းလမ်းကနေဝင်လိုက်ရင် သိပ်မသွားရဘူး။  နဂါးဖန်ချက်စက်ရုံ လို့ခေါ်တယ်။ ၁၉၅၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီဖန်ချက်စက်ရုံရဲ့ပိုင်ရှင် ဦးမြတ်ကြွယ်ကတော့ မရှိတော့ပါဘူး။ ဖန်ချက်စက်ရုံကလည်း ၂၀၀၇ ခုနှစ်ကတည်းက သဘာဝဓာတ်ငွေ့စျေးတက်လို့ ဆက်မလုပ်တော့ပဲ ပိတ်လိုက်ပါပြီ။ ဒါပေမဲ့ အဲ့ဒီနေရာမှာ ဦးမြတ်ကြွယ်ရဲ့ မောင်နှမ ၁၂ယောက်နဲ့ အတူမြေးမြစ်တွေ နေထိုင်နေတုန်းပါ။

ရန်ကုန်မှာ နေရာကျယ်ကျယ် သစ်ပင်တွေ အုပ်အုပ်မှိုင်းမှိုင်းနေရာသိပ်မကျန်တော့တာ သတိထားမိတယ်။ ဒါပေမဲ့ ဒီဖန်ချက်စက်ရုံနေရာလေးက စိမ်းစိမ်းစိုစိုအုပ်မှိုင်းမှိုင်းလေး ရှိနေတုန်းပဲ။ ဘာကြောင့်သစ်ပင်တွေ မခုတ်ပဲထားလဲ မေးကြည့်တာ ဖန်ချက်ရင် မီးနဲ့ကပ်လုပ်ရပြီးအရမ်းပူလို့ နားတဲ့အချိန် သစ်ပင်ရိပ်မှာနားရအောင်တဲ့။ ဦးသိန်းဇော်က လာသမျှ ဧည့်သည်ကို ဒိုင်ခံရှင်းပြပေးနေကြ။ ဖန်ထည်အကြောင်း မေးသမျှ ပြောပြပါလိမ့်မယ်။

မေးလို့ဝရင် အိမ်ပြခန်းလေးရဲ့ဘေးမှာ လမ်းရှိတယ်။ ဆိုင်းဘုတ်လဲရှိတယ်။ အဲ့ဒီလမ်းတောက်လျှောက် ဖန်ထည်တွေကို အပုံလိုက်တွေ့လိမ့်မယ်။ အဲ့ဒီအပုံတွေထဲမှာ ဖန်ထည်အမိုက်စား ထူးထူးဆန်းဆန်းတွေရှိတယ်။ ရှာဖွေလေ တွေ့ရှိလေပဲ။ အဲ့ … တခုရှိတာက အဲ့ဒီနေရာ ခြင်မတရားကိုက်တယ်။ ခြင်ဖြန်းဆေးလေး ဘာလေး ဆောင်သွား။ လမ်ဆုံးရင်တော့ ဖန်ချက်တဲ့ လုံရှိတယ်။ နာဂစ်ကြောင့် အမိုးပြိုသွားပေးမယ့် ဖိုတွေကတော့ ကောင်းတုန်းပဲ။ အဲ့ဒီမှာလဲ ဖန်ထည်တွေရှိတယ်။ တခါတလေ ရှိပြီးသားဖန်ထည်ကိုလိုချင်တဲ့ပုံစံ အတိုအရှည်ဖြတ်ချင်ရင် အလုပ်သမားတွေရှိရင် လုပ်ပေးတယ်။

ဖန်ထည်ထူးထူးဆန်းဆန်းတွေရှာရင်း စက်ရုံကြီးရဲ့ သမိုင်းကိုနားထောင်ရင်း (Old glass factory) အချိန်ကုန်ရကျိူးနပ်တဲ့ နေရာတနေရာပါ။ အဲ့ဒီတော့ ပိတ်ရက် တနေရာရာ လေ့လာဖို့ သွားချင်ရင် နဂါးဖန်ချက်စက်ရုံကို လေ့လာဖို့ သွားသင့်ပါတယ်။

ချစ်တဲ့

ရန်ကုန်သူမီရှဲ

Share This Post
Facebook Twitter Linkedin
  • Activities in Yangon
  • glass factory
  • Outdoor
  • Places in Yangon
  • Urban Yangon
  • Yangon
  • Yangon Thu Michelle's Video
Newer Older