• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Rock climbing day

Activities, Video Mar 23, 2018

ဒီတစ်ပတ်တော့ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ rock climbing လေ့ကျင့်ခန်း သွားလုပ်ခဲ့တယ်။ တချို့ gym တွေမှာလည်း ဒီလေ့ကျင့်ခန်း လုပ်လို့ရပါတယ်။ မီရှဲကတော့ သင်္ဃန်းကျွန်းမှာရှိတဲ့ ဧဝရက်တောင် တက်ခဲ့တဲ့ ကိုဒိုးလုံးတို့ ဖွင့်ထားတဲ့ Climb O’Clock Training ကို သွားခဲ့ပါတယ်။ အတွင်းထဲတော့ နည်းနည်းဝင်ရတယ်..။

Video ထဲမှာတော့ အတက်အဆင်း တစ်ခါ နှစ်ခါလောက် လုပ်ထားတာပဲ မြင်ရပေမယ့် တကယ်တမ်းတော့ အပေါ်တက် အောက်ဆင်းကို အကြိမ်ကြိမ် လုပ်ထားတယ်။ တော်တော်လည်း ပင်ပန်းသလို အရမ်းပျော်ဖို့ကောင်းတယ်။ ငယ်ငယ်တုန်းက ကုတ်ဖက်တွယ်တက်ပြီး မဆော့ခဲ့ရတဲ့သူတွေအတွက် အန္တရာယ်ကင်းကင်း ဆော့လို့ရတဲ့နေရာလေးတစ်ခုတွေ့သွားပြီ။

Climb O’Clock မှာဆို rock climbing လုပ်ရတာ စျေးလည်း မကြီးဘူး။ လိုအပ်တဲ့ ဖိနပ်တို့ မြေဖြူတို့လည်း ငှားလို့ရအောင် စီစဉ်ပေးထားတယ်။ တက်ရမယ့် အမှတ်အသားလေးတွေအကြောင်း ဖိနပ်တွေ ဘယ်လိုရွေးချယ်ရတဲ့အကြောင်း၊ နည်းစနစ် တချို့အကြောင်းကိုလည်း အသစ်အဆန်းအနေနဲ့ လေ့လာနိုင်ပါတယ်။ instructor တွေလည်း ရှိတယ်။ ဖိနပ်တွေ မြေဖြူတွေပါပါမှ ၅၀၀၀ ပဲရှိတယ်။ Foreigner လည်း ဒီစျေးပဲ။ Local လည်း ဒီစျေးပဲ…။ တခြားနေရာတွေထက်စာရင် သက်သာတယ်….။

ဒီအားကစားကို လုပ်ကြည့်ရတာ စိတ်ငြိမ်တယ်၊ ဆုံးဖြတ်ချက်လေးတစ်ခုအတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်ရတယ်၊ ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအားကိုလည်း အပြည့်အဝ အသုံးချရတယ်။ တက်ရမယ့်လမ်းကြောင်းကို Tape အဝါ၊ အနီ၊ ခဲရောင် တွေ သတ်မှတ် ပေးထားတော့ လွယ်တာ ခက်တာတွေ ပိုထိထိရောက်ရောက် လေ့ကျင့်နိုင်တယ်။ တခြားရွေးချယ်စရာ နေရာတွေကိုတော့ first comment မှာ ကြည့်ကြည့်နော်…. တော်ကြာ ဒီတစ်နေရာထဲ recommend ပေးတယ်ဖြစ်မှာစိုးလို့…

ထုံးစံအတိုင်းမေးပြီနော်။ ကျောက်တောင်တက်အားကစား (rock climbing) ကို မြင့်တဲ့နေရာမှာ တက်တာနဲ့ နိမ့်တဲ့နေရာမှာ တက်တာကို အခေါ်အဝေါ်မတူပါဘူး..။ အနိမ့်မှာတက်ရင် အဲဒါကို ဘယ်လိုခေါ်သလဲ ဆိုတာလေး ဖြေပေးပါ။ ဗီဒီယိုလေးကို public post အနေနဲ့ share ပြီး အဖြေကို ကို #yangonthumichelle #rock_climbing ပါ တခါတည်းရေးပေး။ အဖြေမှန်ရင် လက်ဆောင်ရန်ကုန်မြို့တွင်းဆို အိမ်တိုင်ရာရောက်ပို့ပေးမယ်။ လက်ဆောင်က အမှတ်တရဖြစ်စေရမယ်။ ဒါပေမဲ့ ၂၈ မတ်လ ၂၀၁၈ ညနေခြောက်နာရီအထိပဲအကြုံးဝင်တယ်နော် …

ချစ်တဲ့

ရန်ကုန်သူမီရှဲ

Share This Post
Facebook Twitter Linkedin
  • Activities in Yangon
  • Places in Yangon
  • Rock climbing
  • Yangon
  • Yangon Thu Michelle's Video
Newer Older