• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

The Burmese Photographers Exhibition

Activities, Places and landmarks, Video Mar 09, 2018

ဒီအပတ် သွားခဲ့တဲ့နေရာကတော့ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး)  လို့ခေါ်တဲ့ နေရာမှာ မြန်မာဓာတ်ပုံဆရာများ – The Burmese Photographers ဓာတ်ပုံပြပွဲ ရောက်ခဲ့တယ်။ လူတိုင်းတော့ သွားနေကြတာပဲ။ ဒါပေမဲ့ မရောက်ဖြစ်တဲ့ မိဘပြည်သူ ညီအစ်ကို ညီအစ်မ မောင်နှမ ယောက်ျးမိန်းမ ကလေးသူငယ် ကျားမ မခွဲခြား တွေအတွက် သွားလည်ခဲ့တယ်။

မီရှဲ The Secretariat Office မှာ ဒီပြပွဲ (The Burmese Photographers) မလုပ်ခင်ကတည်းက မြန်မာဓာတ်ပုံတွေ လိုက်စုဖြစ်တယ်။ အင်တာနက်ပေါ်မှာတင်ထားတာလောက်ပဲ လက်လှမ်းမီလို့ ပုံတွေက လူတိုင်းသိ မြင်ဖူးနေတဲ့ပုံတွေချည်းပဲ စုမိတယ်။ ဒီပွဲမှာပြထားတဲ့ပုံတွေကျတော့ ကိုယ်ပိုင်သီးသန့် သိမ်းထားကြတဲ့ ပုံတွေကို လိုက်ဝယ် လိုက်စုပြီး ပြပွဲလုပ်ထားတော့ မမြင်ဖူးတဲ့ ပုံတွေချည်းပဲ။ နောက်တစ်ခုက ဓာတ်ပုံတွေကို နှစ်အလိုက်၊ ကဏ္ဍအလိုက်၊ စတိုင်အလိုက် ခွဲပြထားတော့ ဓာတ်ပုံပညာ ပုံစံဘယ်လိုမျိုးပြောင်းလဲခဲ့သလဲ အချိန်တွေကိုကျော်ကြည့်နေရသလိုပဲ။ မတ်လ ၁၁ရက်နေ့အထိနောက်ဆုံးဆိုတော့ သွားကြည့်ရင် မှီသေးတယ်။

ကဲ …… မေးပြီ။ ဒီဗီဒီယိုထဲမှာ ဖလင်တွေကို မှန်ဘီလူးနဲ့ ကြည့်ရတဲ့နေရာရှိတယ်။ အဲ့ဒီမှာ ထူးထူးခြားခြား ဦးနုနဲ့ပုံကို သေချာရိုက်ပြထားတယ်။ မေးချင်တာက ဦးနုနဲ့ တူတူထိုင်နေတဲ့ လူနှစ်ယောက် နာမည်နဲ့ အဲ့ဒီဓာတ်ပုံကို ဘယ်သူရိုက်တာလဲ သိချင်တယ်။ ၁၂ရက်နေ့ မတ်လ ညနေခြောက်နာရီအထိပဲ အဖြေတွေလက်ခံမယ်။ အဖြေကို ဒီဗီဒီယိုကို share လုပ်ရင်း #yangonthumichelle #thesecretariat_visit နဲ့ပါတွဲရေးပေး။ မဟုတ်ရင် ရှာရခက် မြင်လဲမမြင်ရလို့ ….။

အဖြေမှန်တဲ့လူ တစ်ဦးထက်ပိုရင် မဲနှိုက်ပေးမယ်နော်။ (အားလုံးကို ပေးချင်ပေမဲ့ မတက်နိုင်သေးလို့
မှန်တဲ့လူ ကံကောင်းတဲ့လူကို ဦးနုရဲ့ တာတေစနေသား စာအုပ် ရန်ကုန်မြို့တွင်းမှာဆိုရင် အိမ်တိုင်ရာရောက် မီရှဲကိုယ်တိုင်လာပေးမယ် ……

အဖြေလေးတွေ မျှော်နေရမှာလားဟင် ……. ။ မျှော်နေပါရစေနော် …..
ချစ်တဲ့

Share This Post
Facebook Twitter Linkedin
  • Exhibition
  • Places in Yangon
  • The Secretariat
  • Yangon Thu Michelle's Video
Newer Older