Respect Women
Video, Women Empowerment Mar 02, 2018
လမ်းသွားရင်း စနောက်ခံရတာ၊ အကြည့်စူးစူးတွေနဲ့ အကြည့်ခံရတာတွေက အမျိုးသမီးတွေအတွက်တော့ ကျင့်သားရနေပါပြီ။ ဒါပေမယ့်လည်း မဖြစ်စေချင်ကြပါဘူး။ အမြဲတမ်း ဒီလိုဖြစ်တာတွေက အဝတ်အစားကြောင့်၊ မသွားသင့်တဲ့နေရာသွားလို့၊ ညဘက်အပြင်ထွက်လို့၊ တစ်ယောက်တည်းသွားလို့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးကို ခံရတဲ့အမျိုးသမီးကိုပဲ အပြစ်ပြောချင်ကြတယ် ……။
ဒါတွေကို လုပ်တဲ့လူဘက်ကကော ဆင်ခြင်သင့်တယ်လို့ မတွေးမိဘူးလား။ ဘယ်သူဘယ်ဝါကြောင့်လို့ ပြောနေတာထက် လူတစ်ဦးနဲ့တစ်ဦးကြား အပြန်အလှန်လေးစားသမှုထားပြီး အပြုအမူကို ဆင်ခြင်လိုုက်တာ ပိုမကောင်းဘူးလား ..။
စိတ်ရောကိုယ်ပါလုံခြုံမှုရှိရှိ သွားလာနေထိုင်လို့ရတဲ့နေရာ ဖြစ်လာဖို့အတွက် အမျိုးသမီးတွေကို ဖေးမကူညီပါ။ မြန်မာလူမျိုးပီပီ ကိုယ်ချင်းစာတရားထားပြီး အပြောအဆို ဆင်ခြင်လိုက်ရင် နေချင့်စဖွယ်နေရာဖြစ်လာမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ် ……..
မျှော်လင့်လျက်
ချစ်တဲ့
ရန်ကုန်သူမီရှဲ
IDEA LIVE Production
#yangonthumichelle #respect_women
စာကြွင်း ။ ဒီဗီဒီယိုမှာပါဝင်ကူညီပေးတဲ့ ညီမလေး မေရဲ၊ မေရှား၊ ဖူးသက်ခိုင်၊ မောင်လေး ကောင်းဇော်ဟိန်း၊ ဉာဏ်၊ တင်ရွှေထူး၊ ဝေယံနိုင်ထွဋ် ကိုလည်း ကျေးဇူးအထူးတင်ပါတယ်လို့..
တောင်းပန်စာ ။ ဒီဗီဒီယိုမှာ ပါဝင်တဲ့အချို့လူများဟာ အမှန်တကယ် စနောက်ခြင်း၊ စော်ကားခြင်း၊ ပြူးပြဲနေအောင်လိုက်ကြည့်ခြင်း လုံးဝမလုပ်ထားပါ။ ရိုက်ကူးရလွယ်ကူစေဖို့ တမင်ဖန်တီးထားတာဖြစ်ပြီး သိက္ခာကျအောင် လုုပ်လိုသောဆန္ဒ အလျင်းမရှိပါကြောင်း ထိုလူများအား တောင်းပန်ရင်း ကြည့်ရှုသူများကိုလည်း အသိပေးလိုပါသည်။
In order to feel safe for all women, people must have mutual respect and understanding. Any kind of catcalling, teasing, staring should not be the reason the way women dress or the way she behave. Women should be able to go anytime, anywhere without worrying about safety.