• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

ရှောက်သီးသုပ်

Activities, Video Jun 15, 2018

ဒီအပတ်သောကြာနေ့မှာတော့ မိုးရာသီနဲ့ အင်မတန်လိုက်ဖက်တဲ့ ရှောက်သီးသုပ် ကို ပါဝင်ပစ္စည်းအနည်းဆုံး အလွယ်ဆုံးသုပ်ပြထားတယ်။ မီရှဲသုပ်နေကြနည်းလေးပါ။ ကောင်းတယ် မကောင်းဘူးဆိုတာထက် ကြက်သွန်လှီး ဘာညာမလုပ်ချင်တဲ့မီရှဲအတွက်တော့ နတ်သုဒ္ဒါပါပဲ။ မိုးရွာနေတုန်း ကော်ဖီနဲ့ ရှောက်သီးသုပ် … ရှယ်ပဲနေမှာ … စမ်းသုပ်စားကြည့်နော် ..

ပါဝင်ပစ္စည်းတွေက

– ရှောက်သီး အနေတော် တစ်လုံး (မကုန်လဲနောက်နေ့သုပ်စားဖို့သိမ်းထား)

(ဒါမှမဟုတ် သံပုရာသီးနဲ့သုပ်လဲရတယ်။ သေးတော့ ပိုလက်ဝင်တာပေါ့)

– ပဲမှုန့် အကျက်မှုန့်

– ငပိ (လွယ်အောင် ရယ်ဒီမိတ်ထည့်လည်းရတယ်။ မျှင်ငါးပိကို ကင်ထည့်လည်းရတယ်)

– ငရုတ်သီးအကျက်မှုန့် / ငရုတ်သီး အစိမ်းတောင့် (စပ်ရင်ပြီးရော ကြိုက်တာထည့်)

– ပုစွန်ခြောက်မှုန့် (အချဉ်ဓာတ်ကိုထိန်းဖို့ အတွက် မပါမဖြစ်)

– မြေပဲဆီစိမ်း/ဆီကျက် (ဆီစိမ်းနံ့ကို ကြိုက်လို့ ဗီဒီယိုထဲမှာတော့ ဆီစိမ်းပဲထည့်ထားပါတယ်)

တခြားစိတ်တိုင်းကျထည့်မယ်ဆိုရင်ကြက်သွန်၊ဆီချက်၊ငါးဖယ်ကြော်ဘာညာထည့်လို့ရပါတယ်။ပြီးရင်အပေါ်ကပါဝင်ပစည်းအကုန်ရောနယ်လိုက်ရင်ရပါပြီ။ရှောက်သီးအမျှင်လေးတွေမကြေဖို့ခပ်ဖွဖွနဲ့သမအောင်နယ်ဖို့တော့လိုပါတယ်။မစားသေးရင်လေလုံအောင်ထားပါ။ခါးသွားမှာစိုးလို့။

ဒီနည်းလမ်းကို မီရှဲရဲ့ ငယ်သူငယ်ချင်းအေးမြမြကျော်အိမ်သွားတုုန်း သူ့အဘွားသုပ်ကျွေးခဲ့တဲ့နည်းလေးပါ။ ကြိုက်လို့ သွားတိုင်းပူဆာခဲ့တဲ့ ရှောက်သီးသုပ်ပေါ့။ ရှောက်သီးမရှိလဲ သံပရာသီးနဲ့သုပ်တယ်။ ပြီးတော့ အဘွားက ဂေါ်ရခါးဆိုတော့ ဂေါ်ရခါးစကားတစ်လုံးသင်ခဲ့သေးတယ် … “မွန်းပရိုချို” … အဓိပ္ပာယ်က “စားကောင်းတယ်” တဲ့ ….

ချစ်တဲ့

ရန်ကုန်သူမီရှဲ

Produced ByIDEA LIVE

In this video, I would like to share about how to make lemon salad in Myanmar traditional way. As I’m a lifestyle blogger, making disk is also part of it. Myanmar people love to salad everything, including citrus. You can use lime or lemon if you don’t have citrus but it may handy. Here’s the recipe Ingredients

1. Citrus

2. peanuts powder

3. paste fish (ready made)

4. chili powder

5. Dried prawn powder

6. peanut oil or sesame oil or cooked oil (with fried onion or garlic)

Prepare citrus as in Video and mix all ingredients as you like. This techniques is show by my friend’s grandmother. I always request to make it for me when I’ve been their home. Citrus salad is match with the raining season, because the weather is cold and sour and spicy make your moth watering.

Bon Appetit!

Share This Post
Facebook Twitter Linkedin
  • DIY
  • How to cook
  • Lifestyle
  • Recipe of Yangon Thu Michelle
  • Yangon Thu Michelle's Video
Newer Older